Related Posts Plugin for WordPress, Blogger...

Monday, January 20, 2014

၂၀၁၄မှာ မြင်နေကျ မဟုတ်တဲ့ ဇာတ်ရုပ်မျိုးတွေ ရွေးချယ် ရိုက်ကူးတော့မယ့် ၀တ်မှုန်ရွှေရည်





ဆယ်ကျော်သက်တွေသည်းသည်းလှုပ် အားပေးကြသလို သူမရဲ့သရုပ်ဆောင်ပုံ၊ သူမရဲ့ခင်မင်ဖော်ရွေစွာ ဆက်ဆံတတ်တဲ့ စိတ်ဓာတ်တွေကြောင့် အနုပညာအသိုင်းအ၀ိုင်းမှာ လူချစ်လူခင်များတဲ့ သူကတော့ ကစ်ကစ်လို့ အများက ချစ်စနိုးခေါ်ကြတဲ့ ၀တ်မှုန်ရွှေရည်ပါ။ သူမရဲ့ လတ်တလော လှုပ်ရှားမှုကို ပထမဆုံး မေးကြည့်လိုက်တဲ့အခါ သူမက ‘အခုလောလောဆယ်တော့ ကစ်ကြော်ငြာလေးတွေ ရိုက်ဖြစ်နေတယ်။ ပြီးတော့ ဖုန်းနဲ့ပတ်သတ်ပြီးတော့Huawei တစ်ခုပဲ။ Ambassador အဖြစ် ၂ နှစ်ချုပ်ထားတယ်။ ကျန်တာတွေက ပြောထားတာတွေတော့ရှိတယ်။ မသေချာသေးဘူး။ စာချုပ်ချုပ်ထားတော့ ကိုယ့်ဖက်က မြင်တာလေးတွေကို ညှိနှိုင်းတာမျိုးလေး တွေရှိတယ်။ သူတို့ကို အကြံပေးတာမျိုးလေးတွေ ရှိတယ်။ သူတို့အနေနဲ့ကျတော့လဲ ကိုယ်နဲ့က ပထမဆုံး စာချုပ်ချုပ်တာ၊ သံအမတ်ခန့်တာဆိုတော့ လိုအပ်တာလေးတွေ ကစ်မြင်တာလေးတွေကို အကြံပေးဖြစ်တယ်။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး လုပ်ဖြစ်တယ်။ ကစ်ကြော်ငြာတွေ ရိုက်တဲ့အခါမှာ ပရိသတ်အတွက် မရိုးရအောင် အမြဲစဉ်းစားဖြစ်တယ်။ အမြဲလဲ ကြိုးစားဖြစ်ပါတယ်’တဲ့။
ကားရိုက်အကြောင်းတွေကိုလည်း ‘၂၃ရက်နေ့ကျရင် ကောင်းပြည့်နဲ့ ဒါရိုက်တာ မကြည်ဖြူသျှင်နဲ့ လူငယ် ကျောင်းသားကားလေး ရိုက်ပါမယ်။ ရုံတင်ကားတွေအနေနဲ့က ပြောထားတာတော့ရှိတယ်။ သေချာရင် ပြောပါမယ်။ ဒီ၂၀၁၄ ထဲမှာ ကစ်စဉ်းစားထားတာလေးတွေ ရှိပါတယ်။ ၂၀၁၃ နဲ့မတူတဲ့ ရသအသစ်၊ အနုပညာဖန်တီးမှုအသစ်တွေ ပရိသတ်အတွက် ချပြဖို့ရှိပါတယ်’လို့ သူမက ပြောပါတယ်။
ရှေ့မှာထွက်ထားတဲ့နှင်းဆီဇာတ်ကားနဲ့ပတ်သတ်ပြီး မေးကြည့်ဖြစ်တဲ့ အခါမှာတော့ ‘အဲဒီပရိသတ်က နှစ်မျိုးနှစ်စားရှိတယ်။ ဘာလို့လဲဆိုတော့ ချစ်၊ကြိုက်၊ကွဲ၊ညားတွေကို မြင်နေကြပရိသတ်တွေက အဲဒီကားလေးကို ကြိုက်တယ်။ တချို့ကျတော့လဲ အက်ရှင်ကားဖြစ်တဲ့အတွက် တစ်မျိုးပေါ့။ အဲလိုကားမျိုးလေးတွေကို အမြဲမဟုတ်သလို တစ်ခါတစ်လေတော့ရိုက်ဖြစ်ပါမယ။် ကစ်အခု နောက်ပိုင်းဆိုရင် မြင်နေကျမဟုတ်တဲ့ ဇာတ်ရုပ်ပုံစံတွေကို ရွေးပြီးရိုက်ပါမယ်။ အရင် ကစ်ရိုက်ထားတာတွေက အလှချစ်စရာလေးတွေ များတယ်။ ခုနောက်ပိုင်းမှာတော့ ကာရိုက်တာကို ဦးစားပေးပြီးတော့ရိုက်ထားတာလေး တွေရှိပါတယ်။ ပညာပေး ကားရိုက်တယ်ဆိုတာက ပရိသတ်အတွက်ရော၊ ကိုယ့်အတွက်ရော ရိုက်ရကျိုးနပ်တဲ့အတွက် လက်ခံရိုက်ကူးဖြစ်တာပါ။ အဲလိုကားတွေက ဇာတ်ရှားတယ်။ ဇာတ်အိမ်ကလဲ ခိုင်မှဆိုတော့ နောက်တစ်ကား ရိုက်ဖို့အတွက်ကစ်တို့စီစဉ်နေပါတယ်။ ရိုက်ဖို့လဲရှိပါတယ်။ ပြီးတော့ အခုခေတ်ပရိသတ်က အရင်ကလိုမဟုတ်ဘူး။ နားလည်နေကြပြီ။ ဒါကရုပ်ရှင်ပေါ့။ ရုပ်ရှင်ဆိုတာအပြင်မှာ ရှိရင်လဲရှိမယ်။ မရှိရင်လဲမှရှိဘူး။ ပရိသတ်က ခေတ်မှီတယ်။ နားလည်တဲ့အတွက် ဘယ်လောက်ပဲ ရုပ်ရှင်ထဲမှာ ဆိုးပြနေပါစေ။ နားလည်တဲ့အတွက် အိုက်တင်ကောင်းတယ်လို့ပဲ သတ်မှတ်ကြတဲ့အတွက် ကစ်ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။’ လို့ သူမက ပြောပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U