ထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်ကို ဖြုတ်ချရန်အတွက် အရှိန်မြှင့်နေသည့်
 သောင်းနှင့်ချီသော အတိုက်အခံ ဆန္ဒပြသူများသည် ဘန်ကောက်မြို့ကို 
အလုံးစုံပိတ်ဆို့ရေး စတင်ပြုလုပ်ရန် ကြိုးပမ်းသည့် အနေဖြင့် ဇန်န၀ါရီ ၁၃ 
ရက်တွင် ဘန်ကောက်မြို့ အလယ်ပိုင်းရှိ အဓိကလမ်းများကို 
ပိတ်ဆို့ထားခဲ့ကြောင်း သိရသည်။ 
ဆန္ဒပြသူများသည် 
ရွေးကောက်တင်မြှောက်စရာ မလိုသည့် ပြည်သူ့ကောင်စီ တစ်ရပ်ဖြင့် 
အစားထိုးရန်အတွက် ၀န်ကြီးချုပ် နုတ်ထွက်ပေးရန် လိုလားနေခြင်း ဖြစ်သည်။ 
ယင်းပြည်သူ့ကောင်စီက ယင်လက်၏ ဘီလျံနာ မိသားစု နိုင်ငံရေးအပေါ် 
သြဇာလွှမ်းမိုးနေမှုကို ဖြတ်တောက်ရန်နှင့် ငွေကြေးလွှမ်းမိုးသည့် နိုင်ငံရေး 
အစဉ်အလာ ပိုမိုကျယ်ပြန့် လာမှုကို ကိုင်တွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများ
 ပြုလုပ်ရေးကို ဆောင်ရွက်မည်ဟု ဆိုသည်။ 
အလံများ 
ကိုင်ဆောင်ဝှေ့ယမ်းနေသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် မြို့၏အဓိက
 လမ်းဆုံများတွင် စုဝေးနေရာ ယူထားပြီး စကားပြောစင်မြင့်များ၊ အိပ်စက်ရန် 
ယာယီတဲများနှင့် အခမဲ့ အစားအစာများ ဝေငှရန် နေရာများ တည်ဆောက် ထားကြကြောင်း
 သိရသည်။ 
ကောင်းစွာ စုစည်းထားသော ဆန္ဒပြသည့် လှုပ်ရှားမှုက 
ယင်လက်နုတ်ထွက် ပေးသည်အထိ ဘန်ကောက်မြို့၏ အစိတ်အပိုင်းများကို 
သိမ်းပိုက်ထားရန် ကတိသစ္စာ ပြုထားပြီး ရှင်နာဝပ်မိသားစုသာ 
အာဏာပြန်ရလိမ့်မည်ဟု စိုးရိမ်ရသော ဖေဖော်ဝါရီ ရွေးကောက်ပွဲ 
မကျင်းပနိုင်အောင် ပြုလုပ်သွားမည်ဟု ခြိမ်းခြောက်ထားသည်။ ဆန္ဒပြခေါင်းဆောင် 
ဆူသက်သောင်ဆူဘန်က “ဒါဟာ ပြည်သူ့တော်လှန်ရေး တစ်ရပ်ပါ။ ဆန္ဒပြသူတွေရဲ့ 
မျက်လုံးထဲမှာ ယင်လက်ဟာ ၀န်ကြီးချုပ် မဟုတ်တော့ပါဘူး” ဟု ပြောကြားခဲ့သည်။ 
ဆူသက်သည်
 အင်အားကြီး အတိုက်အခံပါတီ၏ သြဇာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ၂၀၁၀ 
ပြည့်နှစ်က ဒုတိယ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် ဆန္ဒပြသူများကို 
နှိမ်နင်းခဲ့မှုအတွက် လူသတ်မှုများဖြင့် တရားစွဲဆို ခံခဲ့ရဖူးသည်။ 
ဆန္ဒပြသူများက ရက်အနည်းငယ်အတွင်း ယင်လက် နုတ်မထွက်ပေးပါက 
စတော့အိတ်ချိန်းနှင့် လေကြောင်းထိန်းချုပ်ရေး ဌာနများကိုပါ သိမ်းပိုက်မည်ဟု
 ခြိမ်းခြောက်ထားသည်။ 
ဆန္ဒပြသူများ၏ တောင်းဆိုမှုကို အစိုးရက 
လိုက်လျောဖွယ် မရှိသော်လည်း ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲကို 
ရွှေ့ဆိုင်းရန် ရွေးကောက်ပွဲ ကော်မရှင်၏ အဆိုပြုချက်ကို ဆွေးနွေးရန်အတွက် 
ဇန်န၀ါရီ ၁၅ ရက်တွင် ဆွေးနွေးမှုများ ပြုလုပ်ရန် ဘက်ပေါင်းစုံကို 
ဖိတ်ခေါ်ထားကြောင်း ပြောကြားခဲ့သည်။ 
ပိတ်ဆို့မှုများ 
စတင်ပြုလုပ်ပြီးနောက် နာရီအနည်းငယ်အတွင်း ဆန္ဒပြသူများ၏ လှုပ်ရှားမှုများ 
ပျံ့နှံ့မှုများကြောင့် ဘန်ကောက်မြို့ရှိ အဓိကကျသော စီးပွားရေးဇုန်များနှင့်
 ဟိုတယ်ဇုန်များ ပိတ်ဆို့သွားခဲ့ကြောင်း သိရသည်။ ကျောင်းအများစုကို 
ပိတ်လိုက်ရသော်လည်း လူဦးရေ ၁၂ သန်းခန့် နေထိုင်သော ဘန်ကောက်မြို့သည် 
လွန်ခဲ့သည့် နှစ်ကတည်းက ကြီးမားသော ဆန္ဒပြပွဲများနှင့် ယဉ်ပါးနေသည် 
ဖြစ်သောကြောင့် မြို့တော်အနေဖြင့် လုံးဝရပ်ဆိုင်းသွားဖွယ် မရှိဟု ဆိုသည်။ 
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
                      -
                    
 
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့ 
ဒီဆိုဒ်ရဲ့  Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




1:09 AM
 sayarchan.blogspot.com
 Posted in:  
0 comments:
Post a Comment