Related Posts Plugin for WordPress, Blogger...

Monday, January 20, 2014

၂၀၁၃ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်သူ ၇၀၀၀ ခန့် ဖမ်းဆီးရမိပြီး စိတ်ကြွရူးသွပ်ဆေးပြားဖမ်းမိမှု အများဆုံးဖြစ်





မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ဖြစ်စဉ်တစ်ခုကို တွေ့ရစဉ်


၂၀၁၃ ခုနှစ်အတွင်းတွင် မူးယစ်ဆေးဝါးအမှုနှင့် ပတ်သက်၍ ကျူးလွန်သူ ၇၀၀၀ ခန့် ဖမ်းဆီးရမိပြီး စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းမိမှုမှာ အများဆုံးဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဆက်လက်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှုပေါင်း ၅၀၀၀ ၀န်းကျင် ဖြစ်ပွားခဲ့ကြောင်း သိရပြီး ၂၀၁၂ ခုနှစ်ထက် ပိုမိုဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ပြီးခဲ့တဲ့နှစ်မှာ ၇၀၀၀ လောက်ဖမ်းဆီးရမိတယ်။ အမှုအရေအတွက်အနေနဲ့ဆိုရင်တော့ ၅၀၀၀ လောက်ရှိတယ်။ ဖမ်းဆီးရမိတဲ့သူတွေအထဲမှာတော့ အသက် ၃၀ နဲ့ ၄၀ တွေများတယ်" ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။


ပြီးခဲ့တဲ့နှစ်မှာ ၇၀၀၀ လောက်ဖမ်းဆီးရမိတယ်။ အမှုအရေအတွက်အနေနဲ့ဆိုရင်တော့ ၅၀၀၀ လောက်ရှိတယ်။ ဖမ်းဆီးရမိတဲ့သူတွေအထဲမှာတော့ အသက် ၃၀ နဲ့ ၄၀ တွေများတယ်" ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြားများမှာ တရုတ်နယ်စပ်မှ အများဆုံးဝင်ခဲ့ကြောင်း သိရှိရပြီး နိုဝင်ဘာလအထိ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၉ ဒသမ ၇ သန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"၂၀၁၃ ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ကျူးလွန်သူ ၇၀၀၀ လောက် ဖမ်းဆီးရမိတယ်။ အဲဒီအထဲမှာက စိတ်ကြွရူးသွပ်ဆေးပြားနဲ့ပတ်သက်ပြီး အများဆုံးဖမ်းမိတယ်။ စိတ်ကြွဆေးက သုံးစွဲမှု၊ ဖြန့်ဖြူးမှုတွေများလာလို့ ပိုပြီးဖမ်းဆီးရမိတယ်လို့ သုံးသပ်လို့ရတယ်။ ဘိန်းလည်း ဖမ်းမိတာတွေရှိတယ်။ နောက်စိတ်ကြွဆေးပြား ထုတ်လုပ်ရာမှ လိုအပ်တဲ့ ဓာတုပစ္စည်းတွေ တော်တော်များများဖမ်းမိတယ်" ဟု မူးယစ်(ဗဟို)မှ ရဲအရာရှိကြီးတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ၂၀၀၈ မှစ၍ ၂၀၁၃ ခုနှစ်အထိ ဆူဒိုအက်ဖီဒရင်းပါဝင်သော အအေးမိပျောက်ဆေးပြား စုစုပေါင်း ၉၃ ဒသမ ၆ သန်းဖမ်းဆိရမိခဲ့ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်းတွင် အိန္ဒိယနယ်စပ်မှ အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး စိတ်ကြွရူးသွပ်ဆေးပြားချက်ရာတွင် လိုအပ်သော ဓါတုပစ္စည်းများမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့မှ အများဆုံးဝင်ရောက်လျက်ပြီး ပြည်သူလုထုအား ခြိမ်းခြောက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်ဇော်ဝင်းက မြန်မာ-အိန္ဒိယမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရန်အတွက် မူးယစ်ရဲတပ်ဖွဲ့များအား တိုးချဲ့ဖွဲ့စည်းထားကြောင်း သိရသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U