Related Posts Plugin for WordPress, Blogger...

Sunday, June 29, 2014

မြန်မာကွ

သူ့အမည်က မောင်ဇင်လင်း @zinnyein.. မန္တလေး မြောက်ပြင်သား.. သူဆယ်တန်းအောင်တော့ ခြောက်ဘာသာဂုဏ်ထူးနဲ့ မြန်မာတစ်နိုင်ငံလုံး အမှတ်အကောင်းဆုံး WholeBurma စရင်းဝင်.. သူဝါသနာပါတာက သိပ္ပံပညာရှင်တစ်ဦး..

ဆရာဝန်ဖြစ်ခွင့်ကို အဆုံးခံပြီး ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေဆီ ဝင်ခွင့်လျှောက်ထားခဲ့ရာမှာ သူ့ပညာရည်ထူးချွန်မှု့ ကြောင့် ဟားဗက်တက္ကသိုလ်ကို တက်ရောက်ပညာ သင်ကြားခွင့် ရခဲ့တယ်..

မကြာသေးခင်က ဟားဗက်တက္ကသိုလ်မှာ ရူပဗေဒဆိုင်ရာ သီအိုရီအသစ်တစ်ခုကို အထောက်အထားနဲ့ တင်ပြနိုင်ခဲ့တယ်.. ဒါဟာ အရင်လက်ခံခဲ့ကြတဲ့ သီအိုရီတစ်ခုဟာ မှားယွင်းကြောင်းနဲ့ ခိုင်မာတဲ့ အထောက်အထားသစ် တစ်ခုကို တင်ပြနိုင်တာမို့ သူ့ရဲ့သိပ္ပံပညာရပ်ဆိုင်ရာ ထူးချွန်မှု့ ကို အသိအမှတ်ပြုခဲ့ကြတယ်.. ကမ္ဘာကျော် ဟားဗက်တက္ကသိုလ်ကြီးကနေပြီးတော့ သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရူပဗေဒဆိုင်ရာ သီအိုရီအသစ်တစ်ခုကို သူ့အမည် တရားဝင် သတ်မှတ်ပေးမယ်လို့ သိရပါတယ်..

မြန်မာနိုင်ငံသားများ ကိုယ်စား ဂုဏ်ယူပါတယ် `` မောင်ဇင်လင်း ´´

( သူ့အကြောင်း ပြည့်ပြည့်စုံစုံ သိခဲ့ကြရင်ဖြင့် ဂုဏ်ပြုတဲ့ အနေနဲ့ ရေးပေးစေချင်ပါတယ်.. သတင်းလေးတစ်ခုကို အခြေပြုပြီး ရေးရတာမို့ ထပ်မံသိခဲ့ရင်လဲ ရေးပါ့မယ်.. မန္တလေးမြို့က ပညာရေး အသိုင်းအဝိုင်းကြားကလူတွေ ပိုသိနိုင်မယ် ထင်ပါတယ်.. သူ့အသက် ၂၀ ပဲ ရှိသေးတယ်လို့ ဖတ်လိုက်ရပါတယ်.. )

Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U