Related Posts Plugin for WordPress, Blogger...

Saturday, July 5, 2014

အညတရတစ်ချို့၏ စိုးရိမ်ခြင်း


လမ်းပေါ်မှာသွားလာနေကြတာ အပူတွေနဲ့ပါလား
အားလုံးရဲ့မျက်နှာမှာ စိုးရိမ်ကြောင့်ကြမှုအရိပ်တွေ
ထိတ်လန့်ခြင်းတွေ ကိုယ်စီ
မြို့ ကြီးဟာ အသက်ဝင်ခြင်းကင်းမဲ့လို့
တစ်စုံတစ်ခုကိုပြောပြဖို့ နှုတ်တွန့်နေရှာတယ်
တိတ်ဆိတ်ငြိမ်သက်မှုရဲ့ နောက်ကွယ်မှာ
သွေးညှီနံ့တွေ ရှိနေဦးမယ်တဲ့
ဒါဆို ဘိနပ် မြဲဖို့တော့လိုပြီ
ဖြစ်နိုင်ရင်
ဒေါက်မြင့်တွေ ရှောင်ပါ
ဝင်လမ်း ထွက်လမ်းကြည့်ထားပါ
တတ်နိုင်သမျှ ဘေးကပ်ထားပါ
သူ့ကိုပဲ ၀င်တိုက်တိုက်
သူကပဲ ၀င်တိုက်တိုက်
အငိုက်မိရင် ခံလိုက်ရမှာပဲ
ဆူပူမှုဆိုတာတော့ ဒုက္ခမှာ အဆုံးသတ်လိမ့်မယ်
သောင်းကျန်းမှုရဲ့ ရလဒ်ဟာ မျက်ရည်တွေဖြစ်လာလိမ့်မယ်
တိုက်ခိုက်မှုတွေအပြီးမှာ
ကလေးငယ်တွေ အဖမဲ့ဦးမှာလား
သြော် မန္တလေး
မင်းမျက်ဝန်းထဲ အပူတွေ ကိုယ်မြင်တယ် 


သူငယ်ချင်းကဗျာဆရာ၊ဆရာမရေးထားတာပါ၊

နော်မာဒီ၊ မောင်ကောင်း၊ သဇင်မွန်ဟန်

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U