Related Posts Plugin for WordPress, Blogger...

Saturday, July 5, 2014

" သူတို့ မန္တလေးကို အကျဉ်းချလိုက်ပြီ "



အဲဒီနေ့ ညက လမ်းမထက်မှာ
ခွေးလေခွေးလွင့်တစ်ကောင်မတွေ့ရဘူး
ငါ အသံတွေကြားနေရတယ်
ကလေးငယ်လေးရဲ့ငိုသံ
အဘွားအိုရဲ့ဆုတောင်းသံ
မိန်းမကြီးတစ်ယောက်ရဲ့အော်ဟစ်သံ
ဥသြဆွဲသံ အမိန့်ပေးသံတွေနဲ့
နောက် ငါ့ရင်ထဲဆို့နစ်စွာ
ဝင်လာတဲ့အသံက
မန္တလေးရဲ့ငိုသံ
မန္တလေးရဲ့စကားပြောသံ
နောက်ဆုံးမန္တလေးက
ငါ့ကိုအမ်ကြိတ် မျက်လုံးမှိတ်ပြီး
စကားတစ်ခွန်း ပြောတယ်
သူတို့ ငါ့ကို အကျဉ်းချလိုက်ပြီ

နေဝန်းနီ{မန္တလေး}
372014/600pm

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U