Related Posts Plugin for WordPress, Blogger...

Saturday, July 5, 2014

ရိုးသားသော မန္တလေးး


ကဗျာက ကဗျာလိုနေတဲ့မနက်ခင်းမှာ
ငါက ငါ့လိုမနေပဲ ကဗျာတစ်ပုဒ်ကို
တူးဆွနေမိတော့ ………
မန္တလေးက
မန္တလေးလိုနေတဲ့တစ်နေ့မှာ
လူတွေက လူလိုမနေပဲမန္တလေးကို
တူးဆွနေတော့…………
ညဟာ
ညလိုမတိတ်ဆိတ်တော့ပဲ
ပေါက်ကွဲပြတော့တယ်
မနက်ခင်းက
အရင်နေ့တွေထက်စောစီးစွာနိုးထ
အဲ့ဒီမနက်ခင်းမှာ ပိုလို့ဆူညံခဲ့တော့
ငါ ချစ်တဲ့မြို့ကလေး အိပ်ပျက်ရပြီ
ငါ ချစ်တဲ့မြို့ကလေးခြောက်ခြားရပြီ
မြို့ကလေးရဲ့ လမ်းမကြီးတွေပေါ်
သံသယတွေ ဖိတ်ကျလိုပေါ့
ငါချစ်တဲ့ မြို့ကလေးရေ
အေးချမ်းပါစေလေ
ငါ ချစ်တဲ့မြို့ကလေးရေ
ဘေးကင်းပါစေလေ
မာယာများတဲ့လောကကြီးထဲ
ငါတို့မြို့ကလေးရိုးသားနေသေး
ငါတို့မြို့သူ မြို့သားရိုးသားနေစဲ
ဘယ်သူတွေကများ အမှောင်ထဲက
ဆွဲခေါ်မလဲ ငါ တွေးနေစဲ
ငါ တွေးနေမြဲ
ငါ စိတ်ပူတယ် မန္တလေးးရယ်

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U