Related Posts Plugin for WordPress, Blogger...

Saturday, July 5, 2014

"ဆုတောင်းသံ"


ချော်ရည်ပူတွေထဲကြမယ့်မြို့လေး
ကျန်းမာပါစေ....။ ။
မသမာသူလူတစ်စု၏
ဆူပူအကြမ်းဖက်ခြင်းမှ
လွတ်မြောက်ပါစေ....မန္တလေး
ကျီးလန့်တစာဖြစ်နေခြင်းမှ
ကင်းဝေးပါစေ...မန္တလေး
နဂိုကအသက်ရှူကျပ်နေ မန္တလေး
အသက်ရှူရပ်သွားအောင်
မလုပ်ကြပါနဲ့

မန္တလေး ကျန်းမာစေ
မန္တလေး လွတ်မြောက်ပါစေ
မန္တလေး ငြိမ်းချမ်းပါစေ

မန္တလေး ....အတွက်
ငါ့ ဆုတောင်းသံတွေ
မန္တလေး ကြားပါစေ...။

မန္တလေး ....အတွက်
ငါ့ ဆုတောင်းသံတွေ
မန္တလေး သိပါစေ ။

့မန္တလေး .....အတွက်
ငါ့ ဆုတောင်းသံတွေ
ပဲ့တင်ရိုက်ခက်နေတယ် ။

နေဝန်းနီ{မန္တလေး}
0272014/742pm

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U