Related Posts Plugin for WordPress, Blogger...

Saturday, November 1, 2014

ပစ္စတို Dance

တရုတ်နိုင်ငံက ဆွဲဆောင်မှုရှိတဲ့ နာမည်ကြီးမော်ဒယ်မလေးတွေရဲ့ ကကွက်အသစ်
လေးတခုအကြောင်းပါ။ 



ဓာတ်ပုံ- shanghaiist.com

တရုတ်လူငယ်အများစုက သူတို့ကို အဖော်အချွတ်မော်ဒယ်မလေးတွေလို့ သတ်မှတ်ထားကြပြီး အခုအသစ် ထွက်ပေါ်လာခဲ့တာကတော့ အဝတ်အစားတွေနဲ့ ယဉ်ယဉ်လေး ကကွက်တွေကို လူစည်ကားတဲ့ ရင်ပြင်တခုမှာ ကပြ ဖျော်ဖြေကြတာပါ။ 

ပစ္စတို Dance (Pistol Dance) ဆိုပြီး နာမည်ပေးထားတာတဲ့ ကကွက်ထဲမှာ တရုတ်မော်ဒယ်မလေးတွေက ပစ္စတိုသေနတ်နဲ့ ပစ်တဲ့ကကွက်နဲ့  မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအန်း (Kim Jong Un) အသွင်နဲ့ ပါဝင်သရုပ်ဆောင်ကွက်လည်း  ဖော်ကျူးထားလို့ ကြောက်စရာလို့ မထင်လိုက်ပါနဲ့တဲ့။

သူတို့ကကွက်ထဲမှာ ယောက်ျားလေးတွေကို အနမ်းပေးတဲ့ ကကွက်တွေလည်း ပါဝင်ပါသတဲ့။ 

ကကွက် နောက်ခံ တေးသွားကတော့ ထိုင်ဝမ်အဆိုတော်တွေဖြစ်တဲ့ Lin Meixi နဲ့ Xia Wenxi တို့ရဲ့ "Me Me Da" အမည်ရတဲ့ သီချင်းလေးပါ။ 

အခုဆို အဲဒီ ပစ္စတို Dance ဆိုတဲ့ ဗီဒီယိုပြကွက်ဟာ ဗိုင်းရပ်စ် တမျိုးလိုကျယ်ကျယ်ပြန့်ပြန့် လူကြိုက်များ လာနေပါတယ်လို့ တရုတ် အင်တာနက်စာမျက်နှာ တခုဖြစ်တဲ့ shanghaiist.com မှာ ဖော်ပြထားပါတယ်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U