Related Posts Plugin for WordPress, Blogger...

Tuesday, September 3, 2013

အိပ်မက်ဆုံရာ(၆)တွင်ယှဉ်ပြိုင်ခဲ့သည့် သီချင်းတစ်ပုဒ်ကို မူရင်းတေးရေးဆရာက တရားဝင်ကန့်ကွက်မည်ဟုဆို



အိပ် မက်ဆုံရာအမှတ်စဉ်(၆) သီချင်း ဆိုပြိုင်ပွဲတွင် သီဆိုယှဉ်ပြိုင်ခဲ့ သည့် တေးသီချင်းတစ်ပုဒ်နှင့်ပတ် သက်ပြီး မူရင်းတေးရေးဆရာက တရားဝင်ကန့်ကွက်မှုများပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ၁ရက်နေ့တွင် ထုတ်လွှင့် တင်ဆက်သွားသော အိပ်မက်ဆုံရာအမှတ်စဉ်(၆)၏ Own Tune Week တွင် ဒိုင်များ ရွေးချယ်ပေးသောတေးသီချင်း ဖြစ်သည့် ''အတားအဆီးမရှိ''ဟူသော တေးသီချင်းနှင့်ပတ် သက်၍မူရင်းတေးရေးဆရာများ ဖြစ်သော အယ်သာနှင့်လူမွန်တို့ ကယင်းတို့၏ တေးသီချင်းများကို ခွင့်တောင်းခံခြင်းမရှိဘဲအသုံး ပြုသွားခြင်းအပေါ် ဂီတအစည်း အရုံးမှတစ်ဆင့်ကန့်ကွက်သွား မည်ဖြစ်ကြောင်း သိရသည်။

တေးရေးအယ်သာက ''ကျွန် တော်တို့ဆီကို ဒီသီချင်းအသုံး ပြုမယ်ဆိုပြီး အကြောင်းကြား တာမျိုးလဲမရှိဘူး။ မနေ့ကမှ ကျွန်တော်တို့ ကြည့်လိုက်တော့ အိပ်မက်ဆုံရာမှာ ဆိုနေတာကို တွေ့လိုက်တာ။ တအားကိုစိတ် ပူခဲ့ရတယ်။ စိတ်ပူတယ်ဆိုတာ ကလဲ ကျွန်တော်တို့ရေးထားတဲ့ သီချင်းကို အခုသူတို့ဆိုတော့မယ်။ ပြီးရင် သူတို့ရှိုးပွဲတွေမှာဆိုမယ်။ ဒီဘက်မှာလဲ ကျွန်တော်တို့က အခွေထွက်ဖို့လုပ်ထားကြတော့ သူတို့အဲဒီလိုလုပ်တာက ကျွန် တော်တို့ကို သိပ်ကိုထိခိုက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က မနက်ဖြန်ဂီတအစည်းအရုံးကို သွားပြီးတော့ တရားဝင်ကန့်ကွက် မယ်။ ကန့်ကွက်တယ်ဆိုတာက လဲပိုက်ဆံလိုချင်လို့ ကန့်ကွက်တာ မျိုးမဟုတ်ဘူး။ အခုအသုံးပြု သွားပြီးတာကတော့ ပြောလို့မရ တော့ဘူး။ နောက်နောင်ကျွန်တော် တို့သီချင်းကို အသုံးမပြုဖို့ဘဲ လုပ်သွားမှာပါ''ဟု ပြောသည်။

တေးရေးအယ်သာနှင့်လူ မွန်တို့သည် လွန်ခဲ့သောနှစ်နှစ် ခန့်က MRTV-4\ For Tune Channel တွင် စီစဉ်တင်ဆက် သည့် 'ကိုယ်ပိုင်တေးသီချင်းများ ပြိုင်ပွဲ'တွင်အဆိုပါတေးသီချင်း ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ဆန်ခါတင်အဆင့်တွင် ပြုတ်ခဲ့ပြီးရွေးချယ်ခြင်းမခံခဲ့ရကြောင်း သိရ သည်။
''ဒီသီချင်းက အရွေးချယ် ခံရင်တော့ သူတို့အသုံးပြုခွင့်မရှိ ဘူး။ ကျွန်တော်တို့က စီးရီးခွေ ထုတ်ဖို့ရှိတယ်။ ဒီသီချင်းလဲပါ တယ်။ အခုပြိုင်ပွဲမှာ ဒီလိုဆို လိုက်တော့ နောက်ပိုင်းရှိုးပွဲတွေ မှာလဲဆိုမှာကို စိုးရိမ်တယ်။ ဒါက ကျွန်တော်တို့ သူငယ်ချင်းနှစ် ယောက်ရဲ့ မူပိုင်သီချင်းပါ''ဟု တေးရေးအယ်သာက ထပ်မံ ပြောသည်။

ပြိုင်ပွဲတွင် ရွေးချယ်ခြင်း မခံခဲ့ရသော တေးသီချင်းအား ယခုအခါတွင် Channel-7 ၌ ပြု လုပ်နေသော အိပ်မက်ဆုံရာ အစီ အစဉ်တွင် ဒိုင်များကရွေးချယ် ပေးခဲ့ပြီး ပြိုင်ပွဲဝင် 'ရပ်ဆဲလ်'က သီဆိုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

တေးရေးကိုနိုင်ဇော်က ''သီချင်းဆိုပြိုင်ပွဲတွေက သူတို့ ဒီလတစ်လအတွက် သီချင်းတွေ သုံးမယ်။ အဲဒီအတွက်အစည်း အရုံးကတာဝန်ရှိသူတွေကို ဆက် သွယ်ပြီး ပိုက်ဆံဘယ်လောက်ဆို ပြီးပေးတယ်။ အဲဒီတော့အစည်း အရုံးက တေးရေးတွေကို ဆက် သွယ်ပြီးကျသင့်ငွေကို ရှင်းပေး ရတယ်။ အဲဒီစနစ်က နာမည်ရပြီး သားသူတွေအတွက် အဆင်ပြေ ပေမယ့်လဲ နာမည်မရှိသေးတဲ့ ကလေးတွေအတွက်ကျတော့ သူ တို့က ဘယ်ကိုဆက်သွယ်ရမလဲ မသိတာတွေဖြစ်တတ်ကြတယ်။ အခွေဖြန့်ထားတာကိုယူသုံးရင် ဂီတအစည်းအရုံးကနေတစ်ဆင့် ရှင်းလို့ရပေမဲ့ မဖြန့်ရသေးတဲ့ သီချင်းကို အသုံးပြုရင်တော့ အဲဒီ သီချင်းက ဘယ်ကပေါက်တာလဲ ဆိုတာ စုံစမ်းသင့်တယ်။ ပြီးမှ လုပ်စရာရှိတာကို ဆက်လုပ်သင့် တယ်။ သူတို့ကခွင့်ပြုချက်မရဘဲ တရားမဝင်သုံးတာဆိုရင်တော့ ခိုးယူသုံးစွဲတာအဲဒီအမှုက ပိုကြီး တယ်''ဟု ရှင်းပြသည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U