Related Posts Plugin for WordPress, Blogger...

Friday, September 6, 2013

မန္တလေးသူတွေ ကျွန်တော်လို့ပြောခြင်းသမိုင်း


* အပျော်နော် .. နောက်တာနော် ...မည်သူ့ကိုမျှ ထိခိုက်စေလိုခြင်း မရှိပါ ။ *

မန်းလေးရောက်တိုင်းနန်းတွင်းအိမ်ရှေ့ မန်ကျည်းပင်အောက်က ခုံတန်းလေးတွေမှာ ထိုင်လို့သိပ်ကောင်းပါတယ် ။ အာ့နဲ့ အခါးရည်သောက်ပြီး ထိုင်နေရင်းနန်းတွင်းထဲမှာ ဘာလို့ မန်ကျည်းပင်တွေ များနေ ကတာလဲလို့ မေးကြည့်တော့ မင်းတုန်းမင်းကြီးက သူ့မိဖုရားတွေကို တစ်ပါးတစ်ပင် စိုက်ခိုင်းထားလို့တဲ့ ။ အင် မဖြစ်နိုင်တာ လိုက်ရေ ကြည့်ဖို့ကလဲ မျက်စိထဲတင် မနဲပါဘူး
ဒါတကယ်ဆိုရင် အထောက်အထား လိုတာပေါ့နော့ ။ တစ်ပင် ၊ နှစ်ပင် ၊ သုံးပင် ၊ လေးပင် ။ ဖျာ့ဖျာ့ အိမ်ဝင်းထဲမှာတင် မနဲဘူး ။ နောက်တော့ မှ အလကားပြောတာတဲ့ ။

နောက်ထက် ထပ်စပ်စုကြည့်တာကတော့ မန်းလေးသူတွေ ဘာလို့ ကျွန်တော်လို့ပြော တာလဲပေါ့ ။ ကိုယ်တောင် မန်းလေးနဲ့ မနီးမဝေး မှာအနေများ တာရယ် ၊ ဖခင်ကြီးက မန်းလေးသားဖြစ်တာရယ် ၊ မိခင်ကြီးကလည်း ကျွန်တော်လို့ပြောတာရယ်ကြောင့် ကိုယ့်အတွက် နမ်စားကို ကျွန်တော်လို့ပဲ ပြောဖြစ်တာလေ ။ ဖြေတဲ့သူကလည်း ကြည့် ပါဦး ။

မင်းတုန်းမင်းကြီးဆီပဲ ပြန်ရောက်သွားပြန်ပါတယ် ။ ပြောပြတဲ့ဆရာကြီးအတိုင်းပြန် ပြောပြရရင် ....

ပထမ တစ်ယောက် ........

မင်းတုန်းမင်းကြီး .. “ ဟဲ့ .. အဆောင်တော်ရှေ့ ကဖြတ်လျှောက်သွားတာ ဘယ်သူတုန်း ”

ဖြတ်လျှောက်သွားသူ... “ ကျွန်တော်မျိုးမ ပါဘုရာ့ ”

မင်းတုန်းမင်းကြီး ... “ အိမ်း ... လာခဲ့ ”

ဒုတိယတစ်ယောက် ............

မင်းတုန်းမင်းကြီး .. “ ဟဲ့ .. အဆောင်တော်ရှေ့ ကဖြတ်လျှောက်သွားတာ ဘယ်သူတုန်း ”

ဖြတ်လျှောက်သွားသူ... “ မှန်လှပါ .....ကျွန်တော်မျိုးမ ပါဘုရာ့ ”

မင်းတုန်းမင်းကြီး ... “ အိမ်း ... လာခဲ့ ”

နောင်တွင် ..............

မင်းတုန်းမင်းကြီး .. “ ဟဲ့ .. အဆောင်တော်ရှေ့ ကဖြတ်လျှောက်သွားတာ ဘယ်သူတုန်း ”

ဖြတ်လျှောက်သွားသူ..... (အသံကို သြအောင်ပြု၍ ) “ မှန်လှပါ ကျွန်တော်မျိုး ပါ ဘုရား ”

မင်းတုန်းမင်းကြီး “ အိမ်း ... တာဝန်ကျေကြနော် .. သတိမချွတ်ယွင်းကြနဲ့ .. နန်းတော်ကို ..သေချာစောင့် ”

ဖြတ်လျှောက်သွားသူ ... “ မှန်လှပါ အရှင်ဘုရား ကျွန်တော်မျိုး တာဝန်ကျေစေရပါမယ် ”

ဤအချိန်မှစ၍ မန်းသူများ ကျွန်မအစား ၊ ကျွန်တော်ဟု ပြောကြကုန်လေ၏ ။

( ဒါလဲ အလကားပြော တာပဲတဲ့ ):P

ပြန်ပြောတဲ့သူလည်း အလကားပြောတာပဲနော် ။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U