Related Posts Plugin for WordPress, Blogger...

Saturday, November 16, 2013

လက်ပံတောင်းမှာ ပွဲကြမ်းပြန်ပြီ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံခြုံရေးတာဝန်ကျ ရဲတပ်သားများရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြတဲ့ တောင်သူ ၇ ဦး ဒဏ်ရာရသွားကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။ ကြာသပတေးညနေပိုင်းမှာ ဖြစ်ခဲ့တာပါ။

 



(ဓာတ်ပုံ - ဟန်ဝင်းအောင်)

ဒီအကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းတပုဒ်မှာ သတင်းထောက် ဇာနည်မာန်က ရေးထားပါတယ်။
www.irrawaddy.org/burma/police-open-fire-injure-7-protesters-burmas-letpadaung-mine.html မှာ ဖတ်နိုင်ပါတယ်။

တချိန်ကဆန္ဒပြသူအများအပြား မီးလောင် ဒဏ်ရာရရာကနေ အများသိဖြစ်လာတဲ့ လက်ပံတောင်းတောင်ဒေသမျာ ပဋိပက္ခထပ်ဖြစ်ရခြင်းက ဘာကြောင့်ပါလဲ။

ကြေးနီတူးဖော်ရေးလုပ်ငန်းကို ဆန့်ကျင်ကန့်ကွက်ဖို့ သပိတ်စခန်းဖွင့်ဖို့ ကြိုးစားတယ်၊ နေရာက လယ်တီသိမ်တော်နားမှာပါ တဲ့။ သိမ်တော်ကြီးပျက်စီးမှုကနေ ကာကွယ်ဖို့ ဖွင့်တဲ့ သပိတ်စခန်းလို့ ဆိုတယ်။

အဲဒီသပိတ်စခန်းဖွင့်မယ့်သူတွေ ပစ်ခတ်ခံရတာပါ။ ကျည်ဆံအစစ်လား၊ ရာဘာကျည်ဆံလားတော့ မသိပါဘူး၊ ဒဏ်ရာတော့ ရသွားကြပါတယ်။
မနေ့က ညနေပိုင်း မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ ခြေနဲ့လက်တို့မှာ ဒဏ်ရာရတယ်လို့ ဆိုတယ်၊ ရင်ဘတ်ထိသူကတော့ ခုထိ (မနေ့ကညနေပိုင်းအထိ) သတိပြန်မရသေးဘူးလို့ ဆိုတယ်။

အာဏာပိုင်တို့ပြောဆိုချက်အရ ရဲတပ်ဖွဲ့ဝင်တို့ဘက်ကလည်း ဒဏ်ရာရတယ်လို့ ဆိုတယ်၊ နှစ်ဘက် ထိပ်တိုက်တွေ့စဉ်မှာ ဒဏ်ရာရခဲ့တယ်၊ ဒဏ်ရာရသူ ရဲတပ်သားအရေအတွက်က ၉ ဦးလို့ ဆိုပါတယ်။  


  • မူရင်းသတင်း
http://www.irrawaddy.org/burma/police-open-fire-injure-7-protesters-burmas-letpadaung-mine.html

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U