Related Posts Plugin for WordPress, Blogger...

Saturday, November 16, 2013

ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း အစ္စလာမ်မစ်ဘာသာနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) အထွေထွေ အတွင်းရေးမှူးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းသည် နေပြည်တော်၌ ရောက်ရှိနေသော အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အထွေထွေ အတွင်းရေးမှူး မစ္စတာ အီမယ်လ်ဒင် အီဆန် အိုဂလူနှင့် (OIC) အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သော အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ဗိုလ်မှူးချုပ် အောင်သော်၊ ဗိုလ်ချုပ်မောင်မောင်အုန်း၊ ဒေါက်တာမောင်မောင်ဌေး၊ ဦးဘုန်းဆွေ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ဆော်ဒီအာရေဗီးယားနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မလေးရှားနိုင်ငံ တို့မှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြသည်။
 
Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U