Related Posts Plugin for WordPress, Blogger...

Saturday, November 16, 2013

နိုင်ငံတကာပြိုင်ကားပြိုင်ပွဲများအထိသွားနိုင်ရန် ပြိုင်ကွင်းများပိုမိုလိုအပ်ဟုဆို

Photo: နိုင်ငံတကာပြိုင်ကားပြိုင်ပွဲများအထိသွားနိုင်ရန် ပြိုင်ကွင်းများပိုမိုလိုအပ်ဟုဆို

[ မင်း သန့် ၊ ဝေယံ ၊ ရန်ကုန် ]

Racing ပြိုင်ပွဲများ ကျင်းပနေသော Myanmar Motor Sport Association မြန်မာနိုင်ငံမှ ပြိုင်ကားမောင်း သမားများ နိုင်ငံတကာအဆင့် အထိ ထိုးဖောက်နိုင်ရန်အတွက် နိုင်ငံတကာအဆင့်ရှိ ပြိုင်ကား ကွင်းများလိုအပ်ကြောင်း MMSA မှ တာဝန်ရှိသူတစ်ဦး၏ပြော ကြားချက်အရ သိရသည်။
Myanmar Motor Sport Association ပြိုင်ပွဲများကို ပြုလုပ်ပေး လျက်ရှိပြီး ၂၀၁၃ ခုနှစ်အတွက် ဒုတိယအကြိမ်မြောက် Racing ပြိုင်ပွဲလက်ရည်စစ်ပွဲကို နိုဝင်ဘာ ၁၄ရက်က ပြုလုပ်ခဲ့ပြီး ယင်းတွင် အောင်မြင်သူများမှာ ၁ရရက် တွင် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ် သည်။အဆိုပါပြိုင်ပွဲတွင် နိုင်ငံ တကာ GT Racing Driver တစ် ဦးဖြစ်သူ ဩစတြေးလျနိုင်ငံ သား Leo က သရုပ်ပြမောင်းနှင် သွားမည်ဟုလည်း သိရသည်။

MMSA Race-2, 2013 ဟု အမည်ပေးထားသည့် ယင်းပြိုင် ပွဲကို ပြိုင်ပွဲလေးမျိုး သတ်မှတ် ထားပြီး အင်ဂျင်ပါဝါအဆင့်သတ် မှတ်ထားခြင်းမရှိသည့် ကားမျိုးစုံ ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ နှစ်ဘီး ယက်ကားများ ဝင်ပြိုင်ရသည့်ပြိုင် ပွဲနှင့် အင်ဂျင်ပါဝါ ၁၃၅ဝနှင့် အောက် ကားများပြိုင်သည့်ပြိုင်ပွဲ ဟူ၍ ခွဲခြားထားကာ ယင်းပြိုင်ပွဲ ကို စပွန်ဆာပေးထားသည့် KIA ကားများပြိုင်ပွဲကိုလည်း ထည့် သွင်းထားကြောင်းသိရသည်။

ယင်းပြိုင်ပွဲနှင့် ပတ်သက် ၍ MMSA မှတာဝန်ရှိသူတစ်ဦး က ''ဒီပြိုင်ပွဲကျင်းပရတဲ့ရည်ရွယ် ချက်ကတော့ ပြင်ပမှာမောင်း နေတာထက်စာရင် ပြိုင်ကွင်းမှာ မောင်းရတာက ပိုပြီးအန္တရာယ် ကင်းတယ်ဆိုတာလဲ သိစေချင်ပါ တယ်။ လမ်းမမှာမောင်းတဲ့အခါ ပတ်ဝန်းကျင်ကိုထိခိုက်ရင် ဘေး အန္တရာယ်ဖြစ်စေနိုင်တာမျိုး ရှိ နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ်လဲ အန္တရာယ်ရှိနိုင်တယ်။ ဒီကွင်းတွေ မှာကျတော့ ထိခိုက်မှုရှိတယ်ဆို ရင်လဲ ကုသမှုတွေအဆင်သင့်ရှိ နေတာကြောင့် မြန်မြန်ကုသလို့ရ နိုင်တယ်။ ဒီမှာ ပြိုင်ပွဲဝင်မယ့်သူ တွေကိုလဲ ဦးထုပ်တွေဆောင်း ဝတ်ဖို့ တိုက်တွန်းထားတယ်။ ပြီး တော့ အရေးပေါ်ကား၊ မီးသတ် ဆေးဘူးတွေ၊ သဲအိတ်တွေထားရှိ ထားတယ်။ ကျွန်တော်တို့ဆီက ပြိုင်ကားမောင်းတဲ့ သူတွေအနေ နဲ့ နိုင်ငံတကာအဆင့်အထိ တက် လှမ်းဖို့ကလိုပါသေးတယ်။ ကား မောင်းသမားတွေရှိတယ်။ ကား တွေလဲရှိတယ်။ ဒါပေမဲ့ ကွင်းက တော့မရှိဘူး။ ပြိုင်ကားကွင်းတွေ ရှိလာမယ်ဆိုရင်တော့ နိုင်ငံတကာ အဆင့်အထိ တက်လှမ်းဖို့ဆက် လုပ်လို့ရမှာပါ''ဟုပြောသည်။

အဆိုပါပြိုင်ပွဲကို အဓိက စပွန်ဆာပေးထားသည့် Motul မှ တာဝန်ရှိသူက ယခုပြိုင်ပွဲကို ငွေကြေးတင်မကဘဲ နည်းပညာ ပိုင်းတွင်လည်း ထောက်ပံ့ပေး ထားကြောင်း၊ လာမည့်နှစ်တွင် MMSA နှင့်ပေါင်းကာ နိုင်ငံဖြတ် ကျော်ပြိုင်ပွဲပြုလုပ်ရန် စီစဉ်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

အေးချမ်းမွန် Credit To > Yangon Media Group <Thanks
https://www.facebook.com/excellencemedia
Racing ပြိုင်ပွဲများ ကျင်းပနေသော Myanmar Motor Sport Association မြန်မာနိုင်ငံမှ ပြိုင်ကားမောင်း သမားများ နိုင်ငံတကာအဆင့် အထိထိုးဖောက်နိုင်ရန်အတွက် နိုင်ငံတကာအဆင့်ရှိ ပြိုင်ကား ကွင်းများလိုအပ်ကြောင်း MMSA မှ တာဝန်ရှိသူတစ်ဦး၏ပြော ကြားချက်အရ သိရသည်။
Myanmar Motor Sport Association ပြိုင်ပွဲများကို ပြုလုပ်ပေး လျက်ရှိပြီး ၂၀၁၃ ခုနှစ်အတွက် ဒုတိယအကြိမ်မြောက် Racing ပြိုင်ပွဲလက်ရည်စစ်ပွဲကို နိုဝင်ဘာ ၁၄ရက်က ပြုလုပ်ခဲ့ပြီး ယင်းတွင် အောင်မြင်သူများမှာ ၁ရရက် တွင် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ် သည်။အဆိုပါပြိုင်ပွဲတွင် နိုင်ငံ တကာ GT Racing Driver တစ် ဦးဖြစ်သူ ဩစတြေးလျနိုင်ငံ သား Leo က သရုပ်ပြမောင်းနှင် သွားမည်ဟုလည်း သိရသည်။

MMSA Race-2, 2013 ဟု အမည်ပေးထားသည့် ယင်းပြိုင် ပွဲကို ပြိုင်ပွဲလေးမျိုး သတ်မှတ် ထားပြီး အင်ဂျင်ပါဝါအဆင့်သတ် မှတ်ထားခြင်းမရှိသည့် ကားမျိုးစုံ ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ နှစ်ဘီး ယက်ကားများ

ဝင်ပြိုင်ရသည့်ပြိုင် ပွဲနှင့် အင်ဂျင်ပါဝါ ၁၃၅ဝနှင့် အောက် ကားများပြိုင်သည့်ပြိုင်ပွဲ ဟူ၍ ခွဲခြားထားကာ ယင်းပြိုင်ပွဲ ကို စပွန်ဆာပေးထားသည့် KIA ကားများပြိုင်ပွဲကိုလည်း ထည့် သွင်းထားကြောင်းသိရသည်။

ယင်းပြိုင်ပွဲနှင့် ပတ်သက် ၍ MMSA မှတာဝန်ရှိသူတစ်ဦး က ''ဒီပြိုင်ပွဲကျင်းပရတဲ့ရည်ရွယ် ချက်ကတော့ ပြင်ပမှာမောင်း နေတာထက်စာရင် ပြိုင်ကွင်းမှာ မောင်းရတာက ပိုပြီးအန္တရာယ် ကင်းတယ်ဆိုတာလဲ သိစေချင်ပါ တယ်။ လမ်းမမှာမောင်းတဲ့အခါ ပတ်ဝန်းကျင်ကိုထိခိုက်ရင် ဘေး အန္တရာယ်ဖြစ်စေနိုင်တာမျိုး ရှိ နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ်လဲ အန္တရာယ်ရှိနိုင်တယ်။ ဒီကွင်းတွေ မှာကျတော့ ထိခိုက်မှုရှိတယ်ဆို ရင်လဲ ကုသမှုတွေအဆင်သင့်ရှိ နေတာကြောင့် မြန်မြန်ကုသလို့ရ နိုင်တယ်။ ဒီမှာ ပြိုင်ပွဲဝင်မယ့်သူ တွေကိုလဲ ဦးထုပ်တွေဆောင်း ဝတ်ဖို့ တိုက်တွန်းထားတယ်။ ပြီး တော့ အရေးပေါ်ကား၊ မီးသတ် ဆေးဘူးတွေ၊ သဲအိတ်တွေထားရှိ ထားတယ်။ ကျွန်တော်တို့ဆီက ပြိုင်ကားမောင်းတဲ့ သူတွေအနေ နဲ့ နိုင်ငံတကာအဆင့်အထိ တက် လှမ်းဖို့ကလိုပါသေးတယ်။ ကား မောင်းသမားတွေရှိတယ်။ ကား တွေလဲရှိတယ်။ ဒါပေမဲ့ ကွင်းက တော့မရှိဘူး။ ပြိုင်ကားကွင်းတွေ ရှိလာမယ်ဆိုရင်တော့ နိုင်ငံတကာ အဆင့်အထိ တက်လှမ်းဖို့ဆက် လုပ်လို့ရမှာပါ''ဟုပြောသည်။

အဆိုပါပြိုင်ပွဲကို အဓိက စပွန်ဆာပေးထားသည့် Motul မှ တာဝန်ရှိသူက ယခုပြိုင်ပွဲကို ငွေကြေးတင်မကဘဲ နည်းပညာ ပိုင်းတွင်လည်း ထောက်ပံ့ပေး ထားကြောင်း၊ လာမည့်နှစ်တွင် MMSA နှင့်ပေါင်းကာ နိုင်ငံဖြတ် ကျော်ပြိုင်ပွဲပြုလုပ်ရန် စီစဉ်မည် ဖြစ်ကြောင်း ပြောခဲ့သည်။




Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U