နိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်ဖြင့် အကြမ်းဖက်မှုဖြစ်ပွားရာ
ဒေသများကို လေ့လာကြည့်ရှုရန် ရောက်ရှိနေသော အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ကို
ပဲခူးမြို့တွင် ကန့်ကွက်ဆန္ဒပြရန် ပြင်ဆင်လျက်ရှိကြောင်းသိရှိရသည်။
ဆန္ဒထုတ်ဖော်မည့် သူများမှာ ချမ်းမြေ့ဇေယျာ သာမဏေကျော် ဘုန်းကြီးကျောင်းမှ စတင်ပြီး ပြင်စည်ဈေးအထိ လမ်းလျောက်ဆန္ဒထုတ်ဖော်မည်ဟုသိရသည်။
ဆန္ဒထုတ်ခွင့်နှင့် ပတ်သက်ပြိး ယမန်နေ့က သက်ဆိုင်ရာရဲစခန်းတွင် ယမန့်နေ့
နိုဝင်ဘာ(၁၄) ရက်နေ့က ခွင့်ပြုမိန့်တင်ခဲ့ပြီး ယနေ့ ဆန္ဒပြရန် စီစဉ်ခြင်းမှာ
ခွင့်ပြုမိန့်ကို (၁) ရက်အတွင်း ချပေးသည့်
သဘောဖြစ်ကြောင်း
ပဲခူးမြို့ခံတစ်ဦးက M-Media ကို ပြောပါတယ်။
“ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်အတွက် သက်ဆိုင်ရာ ရဲစခန်းမှာ (၅)
ရက်ကြိုပြီးခွင့်ပြုချက်တောင်းဖို့ ဆန္ဒထုတ်ဖော်ခွင့် ဆိုင်ရာ နည်းဥပဒေမှာ
ပြဌာန်းထားပါတယ်။ ပြည်သူအရေးကိစ္စတွေ အတွက် ဆန္ဒပြခွင့် တင်ပြီး
ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့လို့ ဆန္ဒထုတ်ဖော်တဲ့သူတွေကို ပုဒ်မ ၅၀၅(ခ)၊
ပုဒ်မ (၁၈) တွေနဲ့ ဖမ်းဆီး ထောင်ချခဲ့တာ နိုင်ငံနှင့်အဝှမ်းပါ။ ဒါပေမယ့်
အခု ဆန္ဒပြပွဲကို တော့ (၁)ရက်အတွင်း ခွင့်ပြုမိန့်ထုတ်ပေးလိုက်တယ်ဆိုတော့
မြန်မာနိုင်ငံရဲ့ အုပ်ချူပ်ရေးအာဏာပိုင်တွေ ဥပဒေကို မထီမဲ့မင်ပြုပြီး
ထင်ရာစိုင်း ဘက်လိုက် လုပ်ဆောင်နေတာ သိသာထင်ရှားနေတယ် ” လို့ ပဲခူးမြို့ခံက
ပြောကြားခဲ့ပါတယ်။
ဓါတ်ပုံအညွန်း- ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အိုအိုင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ မြင်ကွင်း
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment