နိုဝင်ဘာ
(၁၇) ရက်၊ တန်ဆောင်မုန်း လပြည့်နေ့တွင် (Rock) ဂီတ တေးသံရှင် လင်းလင်း၏
(One Men Show) ဖျော်ဖြေပွဲကို ပြင်ဦးလွင်မြို့ ကန်တော်ကြီး
မျှော်စင်အနီးတွင် ပြုလုပ်သွားမည်ဟု သိရသည်။
အဆိုပါ ဖျော်ဖြေပွဲမှ ရရှိသည့် အကျိုးအမြတ်များကို လူကုန်ကူးခံရသူများကို လှူဒါန်းရန် ရည်ရွယ်ထားပြီး မန္တလေး၊ တောင်ကြီး၊ တောင်ငူနှင့် အခြားမြို့များတွင်လည်း တစ်ကိုယ်တော် ဖျော်ဖြေပွဲများ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
တေးရေး၊ တေးဆို လင်းလင်းသည် ၎င်း၏ ပထမအကြိမ် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အောက်တိုဘာ (၂၆) ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်နိုင်ခဲ့ပြီး ဒုတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို မူလတွင်
မန္တလေး၌ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ခွင့်ပြုမိန့် မရသေးခြင်းကြောင့် ပြင်ဦးလွင်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ (Rock) ဂီတလောကတွင် အောင်မြင်နေသော တေးသံရှင် လင်းလင်းသည် ပြင်ဦးလွင်မြို့ တွင် ပြုလုပ်မည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို နေ့လည် (၁) နာရီအချိန်တွင် စတင်နိုင်ရန် စီစဉ်လျက် ရှိပြီး ပြင်ဦးလွင်နှင့် မန္တလေးမြို့တို့မှ ပရိသတ်များနှင့် တွေ့ဆုံနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။

(Rock) ဂီတ တေးသံရှင် လင်းလင်း
0 comments:
Post a Comment