ပြည်နယ်နဲ့ တိုင်းဒေ သကြီးတွေမှာ
လက်ရှိခန့်အပ်ထားတဲ့ ဝန် ကြီးချုပ်တွေဟာ ဒေသခံလူထုအတွက် ပီပီပြင်ပြင်
ဖော်ဆောင်ပေးနိုင်ခြင်း မရှိတာ ကြောင့် လူထုက ပြန်လည်ရွေးချယ်ခန့် အပ်မယ့် ဝန်ကြီးချုပ်တွေကို ပြောင်းလဲခန့် ထားပေးနိုင်ဖို့ ဆန္ဒရှိကြတယ်လို့ သိရပါ တယ်။
ရှမ်းပြည်နယ်
တောင်ကြီးမြို့မှ ကို အောင်အောင်က ¯သယံဇာတခွဲဝေရေးမှာ
ကျွန်တော်တို့ဒေသခံတွေက ကိုယ့်ပြည် နယ်က ထွက်တာ ကိုယ်ခံစားခွင့်မရဘူး၊
ဒါကို ဝန်ကြီးချုပ်က ရဲရဲဝံ့ဝံ့ တောင်းပေးရ မယ်၊ အခုတော့ ကျွန်တော်တို့မှာ
သစ် တောဆိုရင်တောင် ထင်းခြောက်လောက် ပဲ ကောက်ခွင့်ရတယ်၊ ကျွန်တော်တို့ သယံ
ဇာတကို ကာကွယ်ပြီး ပြည်နယ်ဖွံ့ဖြိုးရေး အတွက် လူထုဘက်က မားမားမတ်မတ်
ရပ်တည်မယ့် ဝန်ကြီးချုပ်ကိုပဲ အလိုရှိ တယ်˘ လို့ ဆိုပါတယ်။
ပြည်နယ်တွေရဲ့
သယံဇာတ ခွဲဝေသုံး စွဲရေးကို ပြည်ထောင်စုအစိုးရအဖွဲ့က ချုပ် ကိုင်
ရယူမှုများနေတယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အကြီးအကဲ ဖြစ်တဲ့
နိုင်ငံတော်သမ္မတက ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် တွေကို
တိုက်ရိုက်ခန့်အပ်တာ ကြောင့် အခုလို သမµတရဲ့အမိန့်ကို မလွန် ဆန်ဘဲ
ဆောင်ရွက်နေရတာ ဖြစ်တယ်လို့ သိရပါ တယ်။
အမျိုးသား လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာအေးမောင်က ¯သမ္မတက ခန့် တော့ သူ့ရဲ့ဩဇာရှိနေတယ်၊ လွတ်လပ် တဲ့
သတ္တိမျိုး၊ လူထုအတွက် တောင်းဆိုတဲ့ သတ္တိမျိုး လျော့နည်းသွားတာပေါ့၊ အဲဒါ
ကြောင့် သမ္မတက ခန့်တာထက်စာရင် လွှတ်တော်က အတည်ပြုပြီးမှ သမ္မတ ခန့်
တာမျိုးဆိုရင် လူထုအတွက် ပိုအကျိုးရှိ တယ်၊ သတ္တိလဲပိုရှိတယ်၊ လွတ်လပ်မှု လဲ
ပိုရှိတယ်၊ တာဝန်ခံနိုင်မှုလဲ ပိုရှိ တယ်၊ လူ ထုရဲ့ အာဏာ လူထုရဲ့ ဩဇာက
သူ့အပေါ် မှာ ပိုပြီးရှိတယ်˘လို့ ဆိုပါတယ်။
သူကပဲ
'တချို့ဝန်ကြီးချုပ်တွေက မလုပ်ရဲ မကိုင်ရဲတာတွေ ရှိတယ်၊ တချို့က လဲ
ဗိုလ်မှူးကြီးအဆင့်နဲ့ ဝန်ကြီးချုပ် ဖြစ် တယ်၊ တချို့က ဗိုလ်ချုပ်အဆင့်နဲ့
ဖြစ် တယ်၊ သူတို့ရဲ့ ယခင်အစိုးရလက်ထက်က rank ပေါ် မူတည်ပြီး သတ္တိရှိကြတာ၊
ဝန် ကြီးချုပ်ဖြစ်တဲ့သူကို ပြန်ကြည့်ရင် တချို့ က တိုင်းမှူးလုပ်ခဲ့တယ်၊
တချို့က ဗျူဟာ မှူးလုပ်ခဲ့တယ်၊ဆိုတော့တပ်မတော်ရဲ့ ranking နဲ့ဆိုင်တယ်၊
တပ်မတော်ရဲ့ rank အရ မပြောရဲ မဆိုရဲတာတွေ ရှိတယ်˘ လို့ ပြောပါတယ်။
ဒေသခံ
လူထုရဲ့ ဖြစ်ပေါ်နေတဲ့ အခက် အခဲတွေကို တရားမျှတမှုရှိအောင် ဖြေရှင်း ပေးဖို့
အဓိကကျတဲ့ အစိုးရအဖွဲ့ရဲ့ အခြေ ခံဝန်ထမ်းတွေ မမှန်မကန် လုပ် ဆောင်မှု
တွေကိုလည်း ပြစ်ဒဏ်ပေး အရေးယူခြင်း ဖြင့် ဝန်ကြီးချုပ်အပေါ် လူထုယုံကြည်အား
ကိုးမှုရအောင် ဆောင်ရွက်သင့်တယ်လို့ သိ ရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး
လွှတ်တော်မှ ရေကြည်မြို့နယ် ကိုယ်စားလှယ် ဒေါက် တာ လှမြင့်ထွေးက 'သမ္မတက
တိုက်ရိုက် ခန့်အပ်လိုက်တဲ့ ဝန်ကြီးချုပ်ဖြစ်နေလို့ လား ဒါမှမဟုတ်
ယခင်အစိုးရလက်ထက် က ကျန်ခဲ့တဲ့သူတွေက ဒီမှာဆက်ပြီး တာ
ဝန်ယူထားတဲ့အတွက်ကြောင့် အရင်အ တိုင်း ဆက်ဖြစ်နေတာလား၊ ပြောရခက် တယ်˘လို့
ဆိုပါတယ်။
သူကပဲ 'တရားဥပဒေစိုးမိုးဖို့ ဦးတည် ပြီးလုပ်နေတဲ့အခါမှာ
ဒီတရားဥပဒေစိုးမိုး အောင် လုပ်ပေးမယ့် ဝန်ကြီးချုပ်နဲ့ အစိုးရ
အဖွဲ့ဖြစ်ဖို့ လိုအပ်ပါတယ်˘လို့ ပြောပါ တယ်။
သီပေါမဲဆန္ဒနယ်မှ
ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးရဲထွန်းက 'သမ္မတ က လိုအပ်ရင်
(ဝန်ကြီးချုပ်ကို) ပြောင်းလဲ ခန့်အပ်တာ လုပ်ကောင်းလုပ်မှာပေါ့၊ လုပ် ပုံ
ကိုင်ပုံအဟောင်းတွေကို ဆက်ပြီးလုပ် ကိုင်တာတွေ ရှိတယ်၊ အဲဒီလူတွေကတော့
သမ္မတက ဒီလူတွေကြောင့် အပြောင်း အလဲဟာ အနှောင့်အယှက် အဟန့်အ တား
ဖြစ်နေတယ်ဆိုတာ သိရင်တော့ မြန် မြန်ထက်ထက် လဲနိုင်မှ ၂၀၁၅ အတွက် အလားအလာ
ကောင်းမှာ˘လို့ ဆိုပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ (ခ) အရ
နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်
ကြီးချုပ်ကို ခန့်အပ်တာဝန်ပေးရန်လို့ ပါ ဝင်ပါတယ်။ သမ္မတက ဝန်ကြီးချုပ်
တွေကို တိုက်ရိုက်ခန့်အပ်ခြင်းဟာ ပြည် ထောင်စု စနစ် မဟုတ်ဘူးလို့လည်း
သိရပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က
¯ပြည်ထောင်စုစနစ်လို့ ပြော ပြီးတော့ (၁) အာဏာခွဲဝေမှု မမျှတဘူး၊ (၂)
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး မတွေ့ရဘူး၊ ဗဟိုအစိုးရကနေ ပြည်နယ်နဲ့
တိုင်းဒေသကြီးအစိုးရကို ခန့်အပ်တာ ပေါ် နေတယ်၊ ဒါက ပြည်ထောင်စုမှမဟုတ်ဘဲ˘
လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ တိုင်းဒေ သကြီး လွှတ်တော်ဥက္ကဋ္ဌနဲ့
ဝန်ကြီးချုပ် ကြား ဖြစ်ခဲ့တဲ့ စွပ်စွဲပြစ်တင်မှုမျိုးမှာ အခြေ ခံဥပဒေအရ
အပြန်အလှန် check and balance လုပ်ပြီး ဒီမိုကရေစီနိုင်ငံရဲ့ ကျင့်
စဉ်အတိုင်း ဆောင်ရွက်သင့်တယ်လို့ လည်း သိရပါတယ်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




2:47 AM
sayarchan.blogspot.com
0 comments:
Post a Comment