
လက်သင်္ကေတပြ ဘာသာစကားနဲ့ ပြလိုက်တဲ့ လက်လှုပ်ရှားမှုတွေကို စကားပြောအဖြစ် ဘာသာပြန် ဆက်သွယ်ပေးမယ့် စက်သစ်တစ်မျိုး ထွက်ပေါ်လာပါတယ်။
လက်သင်္ကေတပြ
ဘာသာစကားသုံး လက်ပတ်ကို အာရှတက္ကသိုလ်က ဒီဇိုင်းနာ ၆ဦးကဖန်တီးခဲ့တာပါ။
အဲ့ဒီ့တက္ကသိုလ်ဟာ ထုတ်ကုန်ဒီဇိုင်းဆုဖြစ်တဲ့ Red Dot Design Concept Award
(၂၀၁၃ခုနှစ်) ဆုတွေထဲက တစ်စုကို ရရှိထားပါတယ်။ အဲ့ဒီ့ ပြိုင်ပွဲကြီးဟာ
နိုင်ငံတကာပြိုင်ပွဲဖြစ်ပြီး လျှောက်လွှာပေါင်း ၁၅၅၀၀ကို
လက်ခံယှဉ်ပြိုင်စေခဲ့တယ်လို့ သိရပါတယ်။
လက်သင်္ကေတပြ
ဘာသာစကား ဘာသာပြန်စက်မှာ လက်စွပ်လေးတွေနဲ့ လက်ပတ်၂ခုပါရှိပြီး
ပူးတွဲအလုပ်လုပ်ဆောင်ကြပါတယ်။ ဗုဒ္ဓဘာသာ ပုတီးတွေ လွမ်းမိုးတယ်လို့
ဆိုပါတယ်။
ဒီလက်စွပ်တွေနဲ့ လက်ပတ်တွေဟာ လက်လှုပ်ရှားမှု သင်္ကေတတွေကို
စကားပြောသံအဖြစ် အသံထွက် လွှဲပြောင်းပေးမှာပါ။ တစ်ဖက်လူရဲ့ စကားသံကိုလည်း
စာအဖြစ်ပြောင်းလဲပေးမှာဖြစ်ပြီး လက်ပတ်ပေါ်မှာ ပြပေးနိုင်ပါတယ်။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




12:12 AM
sayarchan.blogspot.com
0 comments:
Post a Comment