Related Posts Plugin for WordPress, Blogger...

Tuesday, November 26, 2013

" ခေါင်းဆောင်ကို ပုံဖော်ခြင်း "



တလောက တော်ဝင် စင်တာက tab စာအုပ်ဆိုင် ကို ရောက်သွား တယ်။ နိုင်ငံရေး စာအုပ်တွေ စာအုပ်စင် တန်း အပြည့်။ တစ်ချိန်က ထိန်းချုပ်ခဲ့ သမျှ လွတ်လွတ် လပ်လပ် ထုတ်ဝေနိုင် ချိန်မှာ မိုးဦးကျ ကာလ မှိုပွင့်တွေလို ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာ အုပ် များကလည်း စင် တစ်ခု။ ဘုန်းတော် ဘွဲ့တွေ များတယ်လို့ ဆိုချင်သူ ရှိသလို မသိ မမီလိုက်တဲ့ လူငယ်များ အတွက် အတုယူစရာ ဒီ့ထက်ပို များများ ပြုစု ထုတ်ဝေ သင့်တယ်လို့ ဆို သူများလည်း ရှိတယ်။ ဒီစာအုပ် စာတမ်းများ အကြားမှာ ဗိုလ်ချုပ်အောင် ဆန်းက ကွန်မြူနစ် ပါတီကို စတင်ဖွဲ့ စည်းခဲ့တာ။ ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ပထမဆုံး အထွေထွေ အတွင်း ရေးမှူးဖြစ်ခဲ့ တာ။ ဖဆပလ အဖွဲ့က ဗမာ ပြည် ကွန်မြူနစ် ပါတီခွဲ ထွက်ပြီး ချိန်မှာတောင် သံယောဇဉ် ကြီးကြီးနဲ့ လက်တွဲဖို့ ကြိုးပမ်း ခဲ့တာတွေကို ဖော်ပြတဲ့ စာအုပ် မများလှ တာကိုတွေ့တယ်။ ကွန်မြူ နစ်ဖြစ်ရတာ လူငယ်တွေ အတွက် အတုယူစရာ မဟုတ်ဘူးလို့ တွေးကြတယ် ထင်ပါရဲ့။

၁၉ ရာစု ဖွံ့ဖြိုးဆဲ အရင်းရှင် စနစ် ကို သုတေသနပြု ထားတဲ့ အရင်းရှင်စနစ် ရဲ့ ဖိနှိပ်သွေးစုပ်မှု ကို

ဆန်းစစ်ထားတဲ့ အရင်းကျမ်းကို ပြုစုသူ ကားလ်မာ့ခ်စ် ဟာ ဖရက် ဒရစ် အိန်ဂျယ်လ် နဲ့အတူ ကွန်မြူနစ်ကြေညာ စာတမ်းကို ထုတ်ပြန် ပြီး သမိုင်း စာမျက်နှာသစ်ကို ဖွင့်ခဲ့တယ်။ လူ့ဘောင် သမိုင်းရဲ့ ဆင့်ကဲ ဖြစ်စဉ်အရ ဖိနှိပ်ဖောက်ပြန်တဲ့ အရင်းရှင် စနစ်ရဲ့ဖွံ့ဖြိုးမှု နောက်ပိုင်းမှာ ကြီးထွားလာတဲ့ အလုပ်သမားထုရဲ့ အင်အားနဲ့ လူလူချင်း သွေးစုပ်ခြင်း ကင်းတဲ့သာတူ ညီမျှ ကွန်မြူ နစ်ဘုံလောက ပေါ်ပေါက် လာဖို့ မျှော်လင့် ခန့်မှန်းခဲ့တယ်။ ၁၉၁၇ ခုနှစ်မှာ တော့ ရုရှားနိုင်ငံ အောက်တိုဘာ တော်လှန်ရေး ပေါ်ပေါက်ခဲ့ပြီး လီနင်ခေါင်း ဆောင်တဲ့ ဘော်ရှီဗစ် (ကွန်မြူနစ်) ပါတီ အာဏာ ရလာကာ ကမ္ဘာမှာ ပထမဆုံး ဆိုရှယ်လစ် ခေတ်ပြောင်း တော်လှန်ရေး ဆင်နွှဲခဲ့တယ်။ အရင်းရှင် စနစ် မဖွံ့ဖြိုး သေးတဲ့ မြေရှင် ပဒေသရာဇ် တစ်ပိုင်း အရင်းရှင် တစ်ပိုင်း ရုရှားနိုင်ငံမှာ ပစ္စည်း မဲ့ အာဏာရှင် စနစ် ထူထောင်ပြီး မုဆိုး စိုင်သင် ”ထာဝရ တော်လှန်ရေး’ ‘ဆင်နွှဲ ခဲ့ရတယ်။

မာ့ခ်စ်လီနင် ဝါဒအဖြစ် ထင် ရှား တယ်။ နောက်ပိုင်း ဆိုရှယ်လစ် စနစ် ထူထောင်တဲ့နိုင်ငံ များဟာလည်း ပဒေသရာဇ် တစ်ပိုင်း ကိုလိုနီတစ်ပိုင်း၊ ပဒေသရာဇ် တစ်ပိုင်း အရင်းရှင် တစ်ပိုင်း အခြေ အနေမျိုး က မာ့ခ်စ်လီနင်ဝါဒ ရဲ့ လမ်းညွှန်မှု ခံယူပြီး ခေတ်ပြောင်း တော်လှန်ရေး ဆင် နွှဲကြတယ်။ လီနင်ဟာ တော်လှန်ရေး ဖြစ်ပြီး တော်လှန်ရေး ဟာ လီနင် ဖြစ်တယ်။ ဘယ် ကွန်မြူနစ် ပါတီကမှ မာ့ခ်စ်နဲ့ လီ နင်တို့ရဲ့ သွန်သင်ချက် များက တရားဝင် မသွေဖည်ဘူး။

လီနင် သက်ရှိ ထင်ရှား တော်လှန် ရေးဆင်နွှဲချိန် ကတော့ အခြေအနေ တစ်မျိုးဖြစ်ခဲ့တယ်။ ပါတီ ခေါင်းဆောင်နေရာ အတွက် ပြိုင်ဘက် မရှိပေမယ့် စစ်ကာလ ပဒေသရာဇ် တစ်ပိုင်း အရင်းရှင် တစ် ပိုင်း ရုရှားနိုင်ငံရဲ့ ထူးခြားတဲ့ အခြေအ နေအတွက် တော်လှန်ရေး မဟာဗျူဟာ နည်းဗျူဟာ များ ချမှတ်ရာမှာ ခေတ်ပြိုင် ရဲဘော် ရဲ ဘက်များ အကြား သဘောထား ကွဲမှုများ ရှိခဲ့တယ်။ ပါတီတွင်း အုပ်စု တိုက်ပွဲများ ပေါ်ပေါက်ခဲ့တယ်။ ဆဗား ဒလော့ဗ် ကွယ်လွန်ပြီး လီနင် လက်ရုံး ပြုတ်ခဲ့ကာ ထရော့ စကီးနဲ့ စတာလင်တို့ ရဲ့ ပါတီတွင်း တိုက်ပွဲများအကြား မနိုင်မ နင်းဖြစ်လာတယ်။ ထရော့စကီး နဲ့ သဘောထား ကွဲလွဲမှုကြောင့် စတာလင်ကို အထွေထွေ အတွင်းရေးမှူး ခန့်မိခဲ့ရာ ရှင်ကြီး ကျားထက်ဆိုးတဲ့ အဖြစ် ဆိုက်ခဲ့ တယ်။ ဒီပြဿနာ အတွက် လီနင်မှာ လည်း တာဝန် ရှိတယ်။ လီနင်ဟာ သူ့ နေရာ ဆက်ခံသူ လျာထားခြင်း မရှိခဲ့ ဘူး။

ခေတ်ပြိုင် လုပ်ဖော် ကိုင်ဖက်များ ကို အကဲဖြတ်ခဲ့ ရာမှာ အားလုံးဟာ ပါ တီကို ခေါင်းဆောင်ဖို့ အတွက် ချွတ်ယွင်း ချက် ရှိသူတွေလို့ သုံးသပ်ခဲ့တယ်။ လူ ငယ် မျိုးဆက်ကို ပါတီ လွှဲပေးခဲ့ချင်တယ် လို့တော့ နှောင်းခေတ် လေ့လာသူ အချို့က သုံးသပ်တယ်။ လီနင်သာ ပါတီ တာဝန်အပြည့် ထမ်းဆောင်နိုင်ရင် ဘာမှ မဖြစ်နိုင်ပေ မယ့် လီနင် ကျန်းမာရေး ယိုယွင်းလာချိန်မှာ ပါတီအထွေထွေ အတွင်းရေးမှူး ရာထူးကိုသုံးပြီး စတာ လင်ဟာ ပါတီ ယန္တရားကို ထိန်းချုပ်ခဲ့ တယ်။ စတာလင် ကို ခေါင်းဆောင်နေရာ မပေးဖို့ လီနင်ရဲ့သေတမ်းစာ ကို ချောင် ထိုးခဲ့တယ်။ လီနင်ရဲ့ ကျန်းမာရေး ဆိုးဝါး လာတာကြောင့် မော်စကို မြို့ပြင် အပန်း ဖြေ အိမ်တော်မှာ သွားရောက် အနားယူ ချိန်မှာတော့ ပါတီ လုပ်ငန်းများနဲ့ အဆက် ဖြတ်ခဲ့ရတယ်။

ပရာဗဒါ သတင်းစာအ တွက် လီနင်ရေးတဲ့ ဆောင်းပါးကို တစ် နိုင်ငံလုံး ကို ဖြန့်ချိ တဲ့စောင်ရေမှာ မထည့် ဘဲ လီနင် အတွက် ကော်ပီတစ်စောင် တည်းမှာ သာပုံနှိပ်ပြီးပြဖို့ အတွေးပေါက် ကြတဲ့အထိ အခြေအနေ ဆိုးလာတာ ကို Paul Scheffer က ၁၉၃ဝ ပြည့်နှစ် ဇူလိုင်လ ထုတ် Foreign Affairs စာ စောင်မှာ ဖွင့်ချခဲ့တယ်။ နောက်ဆုံး ၁၉၂၄ ခုနှစ်မှာ လီနင် ကွယ်လွန်ခဲ့တယ်။ လီနင် ဟာ တော်လှန်ရေး ၊ တော်လှန်ရေး ဟာ လီနင်ဖြစ်လို့ လီနင် ရဲ့နိုင်ငံရေး အ မွေခံ ခြင်းဟာ အရေးအကြီးဆုံး ဖြစ်လာတယ်။

မြန်မာနိုင်ငံ မှာလည်း ဗိုလ်ချုပ် အောင်ဆန်း ဟာ ဗမာပြည် ကွန်မြူနစ် ပါတီကို တည်ထောင်ခဲ့တယ်။ ဗမာ့တပ်မတော်ကို တည်ထောင်ခဲ့တယ်။ ဖဆပ လအဖွဲ့ကို တည်ထောင် ခဲ့တယ်။ ပြည်သူ့ ရဲဘော် အဖွဲ့ကို တည်ထောင်ခဲ့တယ်။ ဒီ အဖွဲ့တွေ သာမက ဒီအဖွဲ့တွေက ခွဲထွက် တဲ့ အဖွဲ့တွေပါ အားလုံးက ဗိုလ်ချုပ်ရဲ့ နိုင်ငံရေး အမွေခံ ဆိုင်းဘုတ် ချိတ်လိုက် ကြတာ နောက်ဆုံးတော့ ၁၉၆ဝပြည့်နှစ် ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်ရဲ့ဓာတ်ပုံကို သုံးပြီး မဲမဆွယ်ရဘူးလို့ စည်းကမ်း ထုတ် ရတဲ့ ဘဝ ကို ရောက်ခဲ့တယ်။

လီနင် ကွယ်လွန်တော့ ရုပ်အလောင်း ကို နဂိုပုံ မပျက်စီရင်ပြီး မှန်ခေါင်းမှာ ထည့်ကာ အများပြည်သူ လာရောက်ဂါရဝ ပြုနိုင်အောင် ဂူဗိမာန် တည်ဆောက်ခဲ့ တယ်။ ဆိုဗီယက် နိုင်ငံသားများနဲ့ ကမ္ဘာ တစ်ဝန်းက ကွန်မြူနစ် များ စုစည်းဦး တိုက်ရာဖြစ်လာတယ်။

လီနင်ရဲ့ဇနီး Nadezhda Kons-tantinovna ကတော့ သူနဲ့ လီနင်တို့ရဲ့ အမှတ်တရ စာတမ်းများ ရေးသားပြီး အမှတ်တရ လီနင်အကြောင်း ဟောပြော ပွဲများပြုလုပ် ခဲ့ တယ်။ ယနေ့တိုင် ရုရှား နိုင်ငံမှာ လူကြိုက် အများဆုံး ပုဂ္ဂိုလ်တစ် ဦးဖြစ်သူ လီနင်ရဲ့ ဇနီးဖြစ်ခဲ့တဲ့ အတွက် အရှင်မွေးလို့ နေ့ချင်းကြီးလာတယ်။ စတာ လင်နဲ့ အခြားခေတ် ပြိုင် ရဲဘော်များက လည်း လီနင်ဝါဒကို ရှင်းလင်းတဲ့ အဖွင့် ကျမ်းများ ပြုစုကြတယ်။ လီနင်ရေးသား ခဲ့တာတွေကို ပြန်လည် စုစည်းထုတ်ဝေ ခဲ့ တယ်။ လီနင်ရဲ့ အတ္ထုပ္ပတ္တိ ကို ပါတီနဲ့ အစိုးရ ဝါဒ ဖြန့်ချိရေး ဌာနများက ပြုစု ကြတာ လူသားစစ်စစ် မဟုတ် သူတော် စင် တစ်ပါးရဲ့ ထေရုပ္ပတ္တိ ပြုစုသလိုဖြစ် လာတယ်။

လီနင် အကြောင်း ပြုစုသမျှဟာ အာဏာရ ပါတီရဲ့ ခေါင်းဆောင်မှုနဲ့ ညှိ ရတယ်။ အာဏာရ အဖွဲ့ စတာလင်၊ ဘူ ခါနင်၊ ဇီနိုဗီယက် တို့ကို ထိခိုက်နိုင်တဲ့ အကြောင်း အရာ ဆိုရင် သမိုင်း စာအုပ် က ပယ်ခဲ့တယ်။ ထရော့ စကီးနဲ့ လီနင်တို့ အတူလက်တွဲ ကြိုးပမ်းခဲ့တဲ့ အကြောင်း တွေဆိုရင် ဖယ်ရှားခံရပြီး ထုတ်ဝေခွင့် မရတော့ဘူး။ လက်ရှိ အာဏာရ များနဲ့ သာ အတူလက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ စိတ် ကူးယဉ် လီနင်ရုပ်ပုံ လွှာဖြစ်လာတယ်။ မိသားစုဝင်တွေ ရဲ့ အမှတ်တရ ရေးသားမှု များကိုပါ စတာလင် တည်းဖြတ်ခဲ့တယ်။ ပြုပြင်ထားတဲ့ သမိုင်းအရ လီနင်ဟာ အထက်တန်းလွှာ မိသားစုက ပေါက်ဖွားတယ် ဆိုတာကို ခေတ်ပြိုင် အချို့က လွဲရင် မသိတော့ ဘူး။ နောက် ပိုင်းမှာ ခေတ် ပြိုင်အားလုံးကို စတာလင်က ဖယ်ရှား ခဲ့တယ်။

စတာလင်ရဲ့ရက်ရက်စက်စက် ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ လူထုအတွက် ဒုက္ခပင်လယ်ဝေခဲ့ ရတယ်။ ဒီ အချိန် မှာ လီနင်ဟာ စတာလင်ရဲ့ မိတ် ဆွေဖြစ်ကြောင်း၊ စတာလင်ရဲ့ အကြံပေးချက် များအပေါ် အားထားခဲ့ကြောင်း၊ စတာ လင်ကို ဆက်ခံသူ အဖြစ် သတ်မှတ် ခဲ့ကြောင်း တွင် တွင်ကျယ်ကျယ် ဝါဒဖြန့်ခဲ့ တယ်။ မှတ်တမ်း တင်ထား တဲ့ ပါတီတွင်း တိုက်ပွဲများ ဟာ လီနင် နဲ့ စတာလင် တို့က တစ်ဖက်၊ လီနင်ကို ဆန့်ကျင် သူများက တစ်ဖက် တိုက်ပွဲဝင် တဲ့ အနေနဲ့ရေးခဲ့တယ်။ လီနင် ရဲ့သေတမ်းစာ အကြောင်း အစဖော်ခွင့် မရှိဘူး။ မာ့ခ်စ်လီနင် ဝါဒလို့ကြွေးကြော်ရင်း မာ့ခ်စ် လီနင် စတာလင် ဝါဒဖြစ် လာ တယ်။ စတာလင် ဟာ ကမ္ဘာပေါ်မှာ လီနင်ရဲ့ သက်ရှိထင် ရှား ကိုယ်စားလှယ် ဖြစ်လာတယ်။

ပြည်ပ ကွန်မြူနစ် အများစု ကလည်း မော်စကိုရဲ့ လိုင်းအတိုင်းသာ ဖြစ်တယ်။ ထရော့စကီး ကတော့ လီနင်ရဲ့ ဆက်ခံ သူဖြစ်တယ်လို့ ကြွေးကြော်ရင်း စတာ လင်နဲ့ ကွဲလွဲခဲ့ တယ်။ လီနင်ခေါင်းဆောင် တဲ့ ဗော်ရှီဗစ်တို့ တိုက်ထုတ်ခြင်း ခံခဲ့ရတဲ့ မင်ရှီဗစ် များကတော့ လီနင် အပေါ် သက်ညှာစွာ မဝေဖန်ခဲ့ဘူး။

စတာလင် ကွယ်လွန်တော့မှ ခရူး ရှက်က လီနင်ရဲ့ သေတမ်းစာကို ထုတ်ပြန် ခဲ့တယ်။ စတာလင်ရဲ့ အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှု များကို ဖွင့်ချခဲ့တယ်။ လီနင်ရဲ့ အတ္ထုပ္ပတ္တိ ကိုလည်း အသစ်ပြန် ရေးရတော့တယ်။ အခုအကြိမ် မှာတော့ စတာလင် ချီးကျူးခန်းများ ဖယ်ရှားပြီး လီနင်နဲ့ စတာလင် အဆင် မပြေကွဲလွဲခဲ့ တာတွေ ကို ဖော် ထုတ်ခဲ့တယ်။

နှောင်းခေတ် လေ့လာသူများ အတွက်က ကွန်မြူနစ် ပါတီက ထုတ်ဝေ တဲ့ စာအုပ်များနဲ့ ကွန်မြူနစ် ဆန့်ကျင် သူများ ပြုစုတဲ့ စာအုပ်များကို ကိုးကား ရင်း လီနင်ကို ချဉ်းကပ် ရတော့တယ်။ လီနင် ကွယ်လွန်ခါနီးမှာ ပြည်တွင်းစစ် ကာလက အမြင်နဲ့မတူဘဲ ယဉ်ကျေးမှု ဗဟုဝါဒ၊ လူမျိုးစု တို့ရဲ့ကွဲပြားမှုနဲ့ စီးပွား ရေးထိန်းချုပ်မှု လျှော့ ချတာ ကိုပါ စဉ်း စားခဲ့တယ်လို့ Roy Medvedev က ဆို တယ်။ ဥရောပ ကွန်မြူနစ် အချို့ကတော့ လီနင်သာ အသေ မစောခဲ့ရင် စတာလင် အာဏာရလာမှာ မဟုတ် သလို လူဆန် တဲ့ ကွန်မြူနစ် စနစ် ပေါ်လာနိုင်တယ်လို့ မြင်တယ်။

အခြား ဥရောပ ကွန်မြူနစ် အချို့ကလည်း လီနင်ဟာ အာဏာရှင် စနစ်ကိုသာ ကိုင်စွဲ ထားမယ်လို့ ယုံကြည် ပြန်တယ်။ ၂ဝ ရာစုနှောင်းပိုင်း လေ့လာ သူအချို့က ရုရှားနိုင်ငံ ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ထောက်ပြပြီး ရုရှားတော်လှန်ရေး နဲ့ နောက်ဆက်တွဲ တို့ဟာ လီနင်မရှိလည်း ပေါ်ပေါက်ရမယ့် သမိုင်းရဲ့ ဖြစ်ပေါ် တိုးတက်မှု ဖြစ်တယ်လို့ ယူဆတယ်။

ဒါပေမဲ့ လီနင် အတ္ထုပ္ပတ္တိပြုစု သူ Robert Service
ကတော့ လီနင် မရှိခဲ့ရင် ဆို ဗီယက် ပြည်ထောင်စုနဲ့ ကမ္ဘာ့ သမိုင်းဟာ ပြောင်းလဲ သွားခဲ့မယ်ဆိုတဲ့ အချက် မှာ ရပ်တည်တယ်။

အခု အချိန်မှာလီနင်သာ အသက် ပြန်ရှင်လာခဲ့ရင်သူ့ အကြောင်းရေးထား တဲ့ စာအုပ် စာတမ်းများကို ဖတ်ပြီး သူ့ ကိုယ်သူ ဘယ်လို လူစားမျိုး ဆိုတာ ဝေခွဲ မရဖြစ်နေ လိမ့်မယ်လို့ တွေးမိတယ်ဗျ။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U