မန္တလေး မြို့ မဟာ အောင်မြေ မြို့နယ် ၃၈ လမ်းနှင့် ၃၉လမ်းကြား၊ ၈၂လမ်း
နှင့် ၈၃ လမ်းကြားရှိ နေအိမ် တွင် နိုဝင်ဘာ ၂၄ရက် နေ့လယ်ပိုင်း က လူနှစ်ဦး
အား ဓားဖြင့် ခုတ်သတ် သွားသည့် တရားခံ နှစ်ဦး ကို နိုဝင် ဘာ ၂၅ရက်တွင်
ဖမ်းဆီး ရမိပြီ ဖြစ် ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ
သိရသည်။
အဆိုပါ မှုခင်း ဖြစ်စဉ်နှင့် ပတ်သက် ၍ ရဲတပ်ဖွဲ့ဝင် များက
အခင်း ဖြစ်နေရာ တွင် တွေ့ရှိရ သည့် ဖုန်း နှစ်လုံး၊ သေဆုံး သူမိ သားစု
နောက်ကြောင်း များ အား စုံစမ်း မှုများ ပြုလုပ်ခဲ့ရာ မဟာ မြတ်မုနိ ဘုရားကြီး
နာရီစင် အနီး ရှိ ပတ္တမြား နိဗ္ဗာန် ကုန် ဆိုင် တွင် နေထိုင်သူ
ကျော်မျိုးလွင် (ခ) ကျော် ကြီးမှာ ထောင်မှ ထွက်လာ သည် မှာ တစ်လ ခန့် ရှိပြီ
ဖြစ်ပြီး မသင်္ကာ ဖြစ်ဖွယ် တရားခံ ၏ပုံ သဏ္ဌာန် နှင့် ကိုက်ညီ ကြောင်း
စိစစ်တွေ့ ရှိ ရ သဖြင့် ဆက်လက် စုံစမ်းခဲ့သည်။
၎င်း သည် အခင်း ဖြစ်ချိန် ခန့်က သွေးစွန်း သည့် အဝတ်အ စားဖြင့် လူလတ်ပိုင်း
တစ်ဦး မောင်း နှင်သည့် ဆိုင်ကယ် နောက်မှ လိုက် ပါ စီးနင်း ခဲ့ကြောင်း သတင်း
အရ နိုဝင်ဘာ၂၅ရက် နံနက် ၈ နာရီခွဲ တွင် သွားရောက် ဖမ်းဆီး ခဲ့ပြီး စစ်
ဆေးမေးမြန်း ရာမှ အမှုမှန်ပေါ် ပေါက်လာခြင်း ဖြစ်ကြောင်း သိ ရသည်။
ကျော်ကြီး သည် နိုဝင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီက အိမ် တွင် ရှိနေစဉ်
သူငယ်ချင်း ဖြစ်သူ မဟာအောင်မြေ မြို့နယ် ရွှေဘုန်း ရှိန် ရပ်ကွက် နေ
နိုင်းစတားဂိမ်း ဆိုင်မှ ငလင်း (ခ) ထွန်းထွန်းလင်း ရောက်လာပြီး ၎င်းအား
နားကြည်း အောင် ဆဲဆို ခဲ့သူများ အား စာ ရင်းရှင်း လိုကြောင်း လာရောက်
ပြောဆိုရာ ၎င်းနှင့်ငလင်း တို့သည် အသားလှီးဓား နှစ်ချောင်း ဝယ် ကာ မွန်းလွဲ ၁၂
နာရီ ၄၅ မိနစ်တွင် အခင်းဖြစ် အိမ်သို့ ရောက်ရှိလာ ကာ ဆဲဆိုသူ
မြင့်သိန်းနှင့် ဇော်ဇော် လတ် တို့အား အသင့် ယူဆောင် လာသည့် ဓားတစ်ချောင်း
စီဖြင့် ထိုးနှက် ခုတ်သတ် ခဲ့ကြောင်း၊ ဓား နှင့် အဝတ်အစား များအား ငလင်း
နေအိမ်တွင် ထားရှိ ခဲ့၍ ၎င်းတို့ နှစ်ဦး လမ်းခွဲ ခဲ့ကြောင်း စစ်ဆေး တွေ့ရှိ
ရသဖြင့် ကျန် တရားခံ ဖြစ် သည့် ငလင်း ကို ဆက်လက် ရှာ ရာ နိုဝင်ဘာ၂၅ရက်
မွန်းလွဲ ၁ နာရီ ခွဲ တွင် စစ်ကိုင်းမြို့ရှိ ခေမာ ဝတီ ဘုန်းကြီး ကျောင်း
အနီး တွင် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ ပြစ်မှု ကျူးလွန်ရာ တွင် အ သုံးပြု
ခဲ့သည့် သက်သေခံ ပစ္စည်း များကို လည်း သိမ်းဆည်း ရမိရေး အတွက် ရဲတပ်ဖွဲ့ဝင်
များ က ဆက် လက် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
မိမိကွန်ပြုတာမှာ USB ပေါက်တွေကနေလာတဲ့ ဗိုင်းရပ်ကို ကာကွယ်ကြမယ်
-
*USB DISK SECURITY 6.2.0.125 WITH KEYGEN*
*မိမိတို့ကွန်ပြူတာကို နေရာအမျိုးမျိုးကနေ ပြီးတော့ virus
အမျိုးမျိုးဝင်နိုင်ပါတယ်*
*အခုပေးချင်တာလေးကတော့ မိ...
9 years ago
0 comments:
Post a Comment