Related Posts Plugin for WordPress, Blogger...

Friday, November 29, 2013

မန္တလေးမြို့မှ တရုတ်ဈေးကွက်သို့ ဆန်အသစ်တင်ပို့မှု များပြား


မန္တလေးမှ တရုတ်ဈေးကွက်သို့ ယခုလပိုင်းအတွင်း ဆန်အသစ် တင်ပို့မှု များပြားလျက်ရှိကာ ပြည်တွင်း၌ ဆန်အသစ်ဈေးမာ လျက်ရှိကြောင်း မန္တလေး ဆန်ကုန်စည်ဒိုင်မှ သိရသည်။

တရုတ်ဈေးကွက်သို့ ဆန်အသစ်ပေါ်ချိန်၌ မန္တလေးအပြင် ရန်ကုန်၊ ပြည်နှင့် မြစ်ဝကျွန်းပေါ် ဒေများမှ ဆန်ကုန်သည်များလည်း တိုက်ရိုက်တင်ပို့မှုများ များပြားလျက်ရှိကြောင်း သိရသည်။

''တရုတ်ဈေးကွက်က ဈေးငြိမ်နေပေမယ့် ပြည်တွင်းကနေ ဆန်အသစ်တင်ပို့မှု များတယ်လို့ ပြောလို့ရတယ်။ မန္တလေးက ဆန်ကုန်သည်တွေအပြင် အရင်မန္တလေးကနေ တစ်ဆင့် တင်ပို့တဲ့ အောက်ပိုင်းက ဆန်ကုန်သည် တွေကလည်း တရုတ်ကို တိုက်ရိုက်တင်ပို့မှုတွေ ရှိလာတယ်။ ဆန်အသစ်တွေဖြစ်တဲ့ သုခနဲ့ ရတနာတိုး ဆန်အမျိုးအစားတွေ အများဆုံး တင်ပို့နေကြတဲ့အတွက် ပြည်တွင်းမှာ အဲ့ဒီဆန် အမျိုးအစားတွေ ဈေးမာတယ်။ ပြည်တွင်း ဆန်ဟောင်းဈေးနဲ့ ၀ယ်လိုအားကတော့ အေးတယ်'' ဟု မန္တလေး ဆန်ကုန်စည်ဒိုင်မှ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။

မန္တလေး ဆန်ကုန်သည်များမှ မူဆယ်သို့ နေ့စဉ်ဆန်အိတ် လေးသောင်း ၀န်းကျင်ခန့် တင်ပို့လျက်ရှိပြီး ရတနာတိုးဆန် အမျိုးအစားမှာ ပြည်တွင်းဈေးကွက်၌ တစ်အိတ်လျှင် ကျပ် ၁၆၈၀၀ မှ ကျပ် ၁၇၀၀၀ ဈေးနှုန်းရှိပြီး သုခဆန်(အသစ်)မှာမူ တစ်အိတ်လျှင် ကျပ် ၁၆၀၀၀ ဈေးနှုန်းရှိကြောင်း၊ မူဆယ် ဈေးကွက်၌ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ရတနာတိုး ဆန်ဈေးမှာ ၁၃၆ ယွမ်နှင့် သုခဆန်ဈေးမှာ ၁၂၈ ယွမ်ဈေးနှုန်း ရရှိကြောင်း သိရသည်။

ယခုဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက် အထိ ပြည်ပသို့ ဆန်တန်ချိန် ၄၁၂၇၄၀ တန် တင်ပို့နိုင်ခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးအနေဖြင့် ပြည်ပသို့ ယခုဘဏ္ဍာရေး တစ်နှစ်ပတ်လုံး ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့ရန် လျာထားကြောင်း သိရသည်။

(မန္တလေးမြို့ ဆန်ပွဲရုံတစ်ခုတွင် တရုတ်ဈေးကွက်သို့ တင်ပို့ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U