
အသေးစားငွေချေး
လုပ်ငန်းများ လုပ်ကိုင်မည့် Myanmar Microfinance Bank (MMB) ကို သမ၀ါယ
မစီးပွားရေး ဗဟိုဌာနတွင် ဇွန် ၂ ရက်က ဖွင့်လှစ်ခဲ့ပြီး ဖြစ်သော်လည်း
ဘဏ်လုပ်ငန်းများ လုပ်ဆောင်ရန် ဗဟိုဘဏ်၏ ခွင့်ပြုချက်အား စောင့်ဆိုင်းနေပြီး
ယခုနှစ် ဒီဇင်ဘာလတွင် ဘဏ်ခွဲများ ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း Myanmar
Microfinance Bank (MMB) ဘဏ်မှ ဒုတိယဥက္ကဋ္ဌ-၁ ဖြစ်သူ ဦးကျော်လင်းက
ပြောကြားသည်။
Myanmar Microfinance Bank (MMB) အား ၀င်ငွေနည်း
ပြည်သူလူထုအတွက် အရင်းအနှီး ချေးငွေရရှိရန် အထူးပြု တည်ထောင်ခြင်းဖြစ်ပြီး
ချေးငွေများ ပေးအပ်ရာတွင် အတိုးနှုန်း အနည်းငယ်အား ကာလတို ထုတ်ချေးမည်
ဖြစ်သဖြင့် အခြားဘဏ်များထက် ဘဏ်တိုးနှုန်း များပြားမည့် အခြေအနေတွင်
ရှိနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အဆိုပါဘဏ်၏ အတိုးနှုန်းမှာ
ဗဟိုဘဏ်၏ သတ်မှတ်ချက် အတိုင်းသာ ကောက်ခံမည် ဖြစ်ကြောင်း ဦးကျော်လင်းက
ပြောကြားသည်။
''ဘဏ်ဖွင့်လှစ်ခွင့်က ရရှိထားပါပြီ။ အခုလောလောဆယ်မှာ
ဘဏ်ခွဲတွေဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေပြီး ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့မှာ
ဘဏ်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဘဏ်ခွဲနှစ်ခုအထိ ဖွင့်လှစ်သွားပါမယ်'' ဟု
ဦးကျော်လင်းက ဆိုသည်။
လက်ရှိဗဟိုဘဏ်၏ အတိုးနှုန်းမှာ တစ်နှစ်လျှင်
၁၀ ရာခိုင်နှုန်းဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များ၏ အတိုးနှုန်းမှာ အပ်ငွေအတိုးနှုန်း
တစ်နှစ်လျှင် ရှစ်ရာခိုင်နှုန်း၊ ချေးငွေ အတိုးနှုန်း တစ်နှစ်လျှင် ၁၃
ရာခိုင်နှုန်းနှင့် ၀န်ဆောင်ခ တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း
သိရသည်။
ယခုနှစ်ပိုင်းအတွင်း ကျောက်မျက်လုပ်ငန်း၊ ဆောက်လုပ်ရေး
လုပ်ငန်းများ အထူးပြု တည်ထောင်မည့် ဘဏ်နှစ်ခုနှင့် နေပြည်တော်
စည်ပင်သာယာရေး ဘဏ်တစ်ခုတို့ ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက် ရှိသည်ဟု
သတင်းထွက်ပေါ် ခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရားဝင်
သတင်းထုတ်ပြန်ခြင်း မရှိသေးဘဲ နေပြည်တော် စည်ပင်သာယာရေး ဘဏ်ကိုသာ
ဖွင့်လှစ်ခွင့် ပြုခဲ့ကြောင်း သိရသည်။
လတ်တလောကာလတွင် ပုဂ္ဂလိကဘဏ်
ဖွင့်လှစ်ခွင့် အများအပြား တင်ပြထားသော်လည်း အစိုးရ ဖက်စပ်ပါဝင်သည့်
ဘဏ်များမှအပ ပုဂ္ဂလိက ဘဏ်ဖွင့်လှစ်ခွင့်အား ပေးအပ်ဦးမည် မဟုတ်ကြောင်း
ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက
ပြောကြားထားပြီး အသေးစား ငွေချေးလုပ်ငန်းများ လုပ်ကိုင်မည့် Myanmar
Microfinance Bank (MMB) တွင်မူ သမ၀ါယမ ၀န်ကြီးဌာနနှင့်
ပူးပေါင်းလုပ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။
''သမ၀ါယမ ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းပြောတဲ့ အတိုင်းဆို ဘဏ်တိုးနှုန်းက ၃၀
ရာခိုင်နှုန်း အထိ ဖြစ်မယ်။ ဒါပေမဲ့ သူက လူတစ်ဦးကို ကျပ်နှစ်သောင်း၊
သုံးသောင်းပဲ ချေးမှာပါ'' ဟု သမ၀ါယမဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှုး
ဦးဖေမြင့်က ဆိုသည်။
မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၏ တရားဝင် ထုတ်ပြန်ထားသော စာရင်းများအရ ပုဂ္ဂလိကဘဏ် ၂၁ ဘဏ် အထိရှိနေပြီး နိုင်ငံပိုင် ဘဏ်လေးဘဏ် ရှိသည်။
(သမ၀ါယမ ဗဟိုစီးပွားရေး ဌာနတွင် ဖွင့်လှစ်ထားသည့် Myanmar Microfinance Bank (MMB) အား တွေ့ရစဉ်(ဓာတ်ပုံ-ဖြိုးဝေ))
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
5 years ago




12:23 AM
sayarchan.blogspot.com
0 comments:
Post a Comment