Related Posts Plugin for WordPress, Blogger...

Tuesday, November 26, 2013

Xbox One ဂိမ်းစက်တွင် drive ပြဿနာရှိကြောင်း Microsoft ဝန်ခံ

Xbox One ဂိမ်းစက် သုံးစွဲသူများ သည် ၎င်းတို့၏ drive တွင်ချို့ယွင်းချက် ရှိနေပြီး drive ထဲ အခွေ ထည့်သွင်းရာတွင် အသံများ ဆူညံစွာ ထွက်ပေါ်ကာ အခွေ မဖတ်သည့် ပြဿနာ နှင့် ကြုံတွေ့နေရကြောင်း သိရသည်။

Xbox One ဂိမ်းစက်များ ၂၄နာရီ အတွင်း အလုံးရေ တစ်သန်းကျော် ရောင်းချရခဲ့ပြီးနောက်တွင် အဆိုပါ ပြဿနာ ပေါ်ထွက်လာပြီး Microsoft က ထုတ်ပြန်ကြေညာမှု ပြုလုပ်သွားခဲ့သည်။ ၎င်းပြဿနာ သည် Xbox One သုံးစွဲသူ အနည်းငယ် အပေါ်တွင်သာ သက်ရောက်မှု ရှိကြောင်း Microsoft က

တနလာင်္နေ့ တွင်ထုတ်ပြန် ကြေညာသွားခဲ့သည်။

Microsoft က drive ပြဿနာ ကြုံတွေ့ နေရသော သုံးစွဲသူများ အနေဖြင့် ဂိမ်းစက်အဟောင်းများကို ပြန်လည် ပေးအပ်ရန် စောင့်ဆိုင်းစရာ မလိုဘဲ ဂိမ်းစက် အသစ်တလုံး ချက်ခြင်း ပေးပို့ပေး သွားမည်ဟု ကတိပေး ပြော ကြားသွားသည်။ ထို့ကြောင့် သုံးစွဲသူများ အနေဖြင့် ပြဿနာ ဖြစ်ပေါ်နေသည့် Xbox One ဂိမ်းစက်များအစား ဂိမ်းစက် အသစ်များကို တစ်ရက်အတွင်း ရရှိသွားမည် ဖြစ်သည်။ Microsoft က drive ပြဿနာ ကြုံတွေ့ နေရသော သုံးစွဲသူ ပမာဏ အနည်းငယ်သာ ရှိသည်ဟု ပြောဆိုထားသော်လည်း အရေအတွက် အတိအကျ ကိုမူ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပ။


Photo: Xbox One ဂိမ်းစက်တွင် drive ပြဿနာရှိကြောင်း Microsoft ဝန်ခံ
==========

Xbox One ဂိမ်းစက် သုံးစွဲသူများ သည် ၎င်းတို့၏ drive တွင်ချို့ယွင်းချက် ရှိနေပြီး drive ထဲ အခွေ ထည့်သွင်းရာတွင် အသံများ ဆူညံစွာ ထွက်ပေါ်ကာ အခွေ မဖတ်သည့် ပြဿနာ နှင့် ကြုံတွေ့နေရကြောင်း သိရသည်။

Xbox One ဂိမ်းစက်များ ၂၄နာရီ အတွင်း အလုံးရေ တစ်သန်းကျော် ရောင်းချရခဲ့ပြီးနောက်တွင် အဆိုပါ ပြဿနာ ပေါ်ထွက်လာပြီး Microsoft က ထုတ်ပြန်ကြေညာမှု ပြုလုပ်သွားခဲ့သည်။ ၎င်းပြဿနာ သည် Xbox One သုံးစွဲသူ အနည်းငယ် အပေါ်တွင်သာ သက်ရောက်မှု ရှိကြောင်း Microsoft က တနလာင်္နေ့ တွင်ထုတ်ပြန် ကြေညာသွားခဲ့သည်။

Microsoft က drive ပြဿနာ ကြုံတွေ့ နေရသော သုံးစွဲသူများ အနေဖြင့် ဂိမ်းစက်အဟောင်းများကို ပြန်လည် ပေးအပ်ရန် စောင့်ဆိုင်းစရာ မလိုဘဲ ဂိမ်းစက် အသစ်တလုံး ချက်ခြင်း ပေးပို့ပေး သွားမည်ဟု ကတိပေး ပြော ကြားသွားသည်။ ထို့ကြောင့် သုံးစွဲသူများ အနေဖြင့် ပြဿနာ ဖြစ်ပေါ်နေသည့် Xbox One ဂိမ်းစက်များအစား ဂိမ်းစက် အသစ်များကို တစ်ရက်အတွင်း ရရှိသွားမည် ဖြစ်သည်။ Microsoft က drive ပြဿနာ ကြုံတွေ့ နေရသော သုံးစွဲသူ ပမာဏ အနည်းငယ်သာ ရှိသည်ဟု ပြောဆိုထားသော်လည်း အရေအတွက် အတိအကျ ကိုမူ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပ။

Ref:CNET

အေးချမ်းမွန် Credit To >Internet Journal <Thanks

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U