(၂၇)ကြိမ်မြောက်ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ
အုပ်စုပွဲစဉ်တွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့
ယှဉ်ပြိုင်နေစဉ်(ဓာတ်ပုံ-ညီညီစိုးညွန့်)
ပွဲသွားကြော့ကြော့
(၂၇)
ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲက နေပြည်တော်၊ ရန်ကုန်၊
မန္တလေး၊ ငွေဆောင်(ပုသိမ်)မြို့တွေမှာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့တာ ကြည်နူး
တက်ကြွစရာ၊ ဂုဏ်ယူဝမ်းမြောက်စရာပါ။ လက်ဝါးတွေနာ၊ အသံတွေ ၀င်မှန်း
ပွဲပြီးမှ သတိပြုမိပါတယ်။
ပြိုင်ပွဲမစမီ လပေါင်းများစွာ ကတည်းက
လိုလေသေးမရှိ ပြင်ကြ၊ ဆင်ကြနဲ့ စည်ကားမြိုင်ဆိုင်နေခဲ့တာပါ။ သမ္မတ၊
ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးဌာန ပေါင်းစုံမှဝန်ထမ်းများ၊ လူငယ်ပညာရှင်
များ၊ ကျောင်းသား/ ကျောင်းသူများ၊ ပြင်ပကုမ္ပဏီများ၊ တရုတ်ပြည် စတဲ့
ပြည်ပအကူအညီများ၊ ၀ိုင်းဝန်းဆောင်ရွက်ပေးမှု၊ ကူညီပံ့ပိုးမှုတွေကြောင့်
အားကစားပြိုင်ပွဲကြီးဟာ အလွန်ကြီးကျယ်ခမ်းနားခဲ့တာကို
မျက်ဝါးထင်ထင်မြင်ခဲ့ရ၊ ရှုစားခဲ့ကြရပါပြီ။
မြန်မာပြည်သူတွေဟာ နိုင်ငံကိုချစ်တဲ့စိတ်အပြည့်အ၀နဲ့ အူလှိုက်သည်းလှိုက် အားပေးတတ်တာဟာလည်း နိုင်ငံအတွက် အားရစရာကာင်းလှပါတယ်။
ဒေါ်လာသန်း
၅၀၀၀ တန် ၀ဏ္ဏသိဒ္ဓိကွင်းမှာ ၁၁-၁၂-၂၀၁၃ ရက် ညနေပိုင်းက (၂၇) ကြိမ်မြောက်
အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကြီးကျယ်ခမ်းနားလှပစွာ
ခြိမ့်ခြိမ့်သဲသဲကျင်းပခဲ့ပါတယ်။
ထိုသို့ ဖွင့်ပွဲကျင်းပတဲ့နေ့မှာ
ကြိုတင်ကျင်းပခဲ့တဲ့အားကစားနည်းတွေကရထားတဲ့ ဆုတံဆိပ်တွေကို ဇယားနဲ့
တန်းစီပြတဲ့အချိန်မှာ မြန်မာဟာ ရွှေ ၁၈ ခု၊ ငွေရှစ်ခု၊ ကြေး ၁၀ ခု ဆုတွေနဲ့
နိုင်ငံအလိုက် ပထမနေရာမှာ ရပ်တည်နေတာကို ဂုဏ်ယူစွာဖော်ပြနိုင်ခဲ့ပါတယ်။
အစပြုခွင့်ရလိုက်တဲ့အခွင့်အရေးကောင်းကို ဆုပ်ကိုင်ပြီး ပွဲပြီး မီးသေ
မဖြစ်ဖို့ ပြင်ဆင်ကြရပါမယ်။ တစ်ပွဲတိုးမပြင်ဆင်ပါနဲ့။
ပြဿနာကိုပြီးစလွယ်ဖြေရှင်းတတ်တဲ့ ရေရှည်အကျိုးမကြည့်တတ်တဲ့ စိတ်ထားတွေ၊
အမူအကျင့်တွေကို နိုင်ငံတော်စီမံခန့်ခွဲနေသူမှအစ
ပြည်သူတစ်ရပ်လုံးပြုပြင်ကြရင်း ပွဲပြီးမီးသေစိတ်ထား ပြုပြင်ကြရအောင်ပါ . . .
တစ်ပွဲပြီးပြီ
စင်စစ်ပြိုင်ပွဲတွေဟာ တစ်ပွဲတည်းနဲ့
ပြီးဆုံးသွားတာ မဟုတ်ပါ ဘူး။ လတ်တလော ပြိုင်ပွဲမစမီက
အခြားပြိုင်ပွဲပေါင်းများစွာဟာ ကျင်းပပြီးခဲ့ပါပြီ။ အောင်နိုင်သူတွေ
ပြုံးပျော်ခဲ့ကြသလို ရှုံးနိမ့်သူတွေ မျက်ရည်ဝဲ၊ အံတွေခဲခဲ့ကြတာ
ပြိုင်ပွဲတွေရဲ့ ထုံးစံအတိုင်း ကြုံတွေ့ခဲ့ကြ ရပါတယ်။
(၂၂-၁၂-၂၀၁၃) ရက်က အားကစားပြိုင်ပွဲပိတ်ပွဲကို ကြီးကျယ်ခမ်းနားမှုနဲ့အတူ ၀မ်းနည်းတသစရာလေးတွေလည်း ရင်ထဲမှာ စွဲကျန်ခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ်
တစ်ပွဲကတော့ ပြီးပြန်ပါပြီ။ လာမယ့် ၂၀၁၅ ခုနှစ် အရှေ့တောင်
အာရှအားကစားပြိုင်ပွဲကို စင်ကာပူနိုင်ငံမှာ ဆက်လက်ကျင်းပဦးမှာပါ။
အားကစားသမားတွေ ဆက်လက်ယှဉ်ပြိုင်ရဦးမှာပါ။ မြန်မာနိုင်ငံကလည်း မပျက်မကွက်
ပါဝင်ယှဉ်ပြိုင်ရဦးမှာပါ။
အဲဒီအချိန်မှာ မြန်မာဟာ ၀တ်ကျေတမ်းကျေ
ယှဉ်ပြိုင်မှာလား။ မြန်မာဟာ အိမ်ကျယ်(အိမ်မှာသာ အသာစီးယူတတ်တဲ့သဘာဝ)တွေလား။
သူများနိုင်ငံမှာလည်း တွင်ကျယ်နိုင်တဲ့ မြန်မာတွေလား။ ဖား နဲ့ငါး
ကွဲကွဲပြားပြားပေါ်လာမှာပါ။
ပြိုင်ပွဲဆိုတာ လူတစ်ယောက်အတွက် တစ်သက်လုံးယှဉ်ပြိုင် ရင်ဆိုင်နေရသလို နိုင်ငံတစ်နိုင်ငံအတွက် ကမ္ဘာတည်သရွေ့ ယှဉ်ပြိုင်နေရမှာပါ။
တစ်ပွဲတိုးပြိုင်လို့မရပါဘူး။
တစ်ပွဲတည်းပြိုင်လို့မရပါဘူး။ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်း
ထာဝရယှဉ်ပြိုင်နေရမှာပါ။ တစ်ခါက အာရှမှာ မြန်မာဘောလုံးဟာ
အာရှချန်ပီယံဖြစ်ခဲ့တာပါ။ ထိုစဉ်က အာရှချန်ပီယံအသင်းရဲ့ မြန်မာဘောလုံး
အသင်းမှ ဂိုးသမားတင်အောင်ဟာ မီးရှူးတိုင်လက်ဆင့်ကမ်းရာမှာ
ဝင်ရောက်သယ်ဆောင်ပေးတာ ကြည့်ရှုသူပြည်သူအပေါင်း နှစ်ထောင်းအားရဖြစ်လှပါတယ်။
ထိုစဉ်က
ချန်ပီယံ ဗဟာဒူး ဟာ တစ်ဘ၀အတွက်ယှဉ်ပြိုင်လို့ ပြီးဆုံးခဲ့ပါပြီ။
မြန်မာနိုင်ငံက ဆက်လက်ပြိုင်နေရပါတယ်။ ဗဟာဒူး မရှိပေမယ့် ကျော်ကိုကို၊
ကြည်လင်း၊ ကျော်ဇေယျာဝင်းတို့ ဗဟာဒူး ထက် သာသူတွေ၊ တော်သူတွေဖြစ်ရပါမယ်။
ဒါမှ လက်ရှိမြန်မာနိုင်ငံဟာ အတိတ်က မြန်မာနိုင်ငံထက်သာလွန်နေမှာပါ။
တစ်ဆက်တည်း
တင်ပြရလျှင် အတိတ်က မြန်မာနိုင်ငံထက်သာလွန်ရေးဟာ လက်ရှိတာဝန်ယူ
ဦးဆောင်နေတဲ့ နိုင်ငံအကြီးအကဲများ၊ ပါတီခေါင်းဆောင်များ၊
အင်စတီကျူးရှင်းအသီးသီးမှ ခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင် များရဲ့
ရေရှည်အကျိုးမျှော်ကိုးကြည့်ရှုတတ်ခြင်းဟာ အလွန်အရေးကြီးပါတယ်။
ထိုသို့မဟုတ်ဘဲ တစ်ပွဲတိုး အောင်မြင်မှုကိုသာ မိန်းမောနေခြင်းဟာ အနာဂတ်နိုင်ငံတော်ကို ကျရှုံးစေသလို ဖြစ်သွားနိုင်ပါတယ်။
“
မြန်မာ မြန်မာ တို့မြန်မာ နိုင် ပြီ” ဆိုတဲ့ သံစဉ်ဟာ ထာဝရသံပြိုင်
သီဆိုနေရမယ့်သံစဉ်ပါ။ တစ်နေ့တည်း၊ တစ်လတည်း၊ တစ်နှစ်တည်းအတွက်
သံစဉ်မဟုတ်ပါဘူး။ မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ တသိမ့်သိမ့်ဆို၊ တသိမ့်သိမ့်
ညည်းနေရမယ့် ထာဝရသံစဉ်ပါ။
ဒါကို (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲ နာယက ဥက္ကဋ္ဌအပါအ၀င် နိုင်ငံတော်သမ္မတမှစကာ နိုင်ငံတစ်ဝန်း
ပြည်သူတစ်ရပ်လုံး ခံယူကျင့်သုံးရမယ့် ကိစ္စဖြစ်ပါတယ်။
ပွဲပြီး မီးသေ
လူမျိုးစရိုက်ဟာ
ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ဒုနဲ့ဒေးရှိနေတာပါ။
ကိုယ့်လူမျိုးမို့လို့ သာသာထိုးထိုးကောင်းတဲ့စရိုက်တွေ ရွေးချယ်ပြောကြတာကို
မြန်မာမျိုးချစ်စိတ်ရှိတဲ့ စာရေး ဆရာတွေရဲ့ နိုင်ငံပိုင်စာမျက်နှာပေါ်မှာ
မကြာခဏဖတ်ဖူးကြမှာပါ။
ဒီလိုကောင်းတဲ့ စရိုက်တွေ ပြည့်နှက်နေတဲ့
မြန်မာတွေမှာ မကောင်းတဲ့ စရိုက်တစ်ခုက ဆောင်းပါးခေါင်းစဉ် အဖြစ်တင်ပြထားတဲ့
“ ပွဲပြီး မီးသေ” စရိုက်ပါပဲ။
ညလုံးပေါက်ပွဲတွေ၊ ဇာတ်တွေ ခေတ်စားစဉ်က အပြောများလှတဲ့ စကားတစ်ခုက “ ပွဲသွားကြော့ကြော့ ပွဲပြန်မော့မော့” ဆိုတာပါပဲ။
ပွဲစသွားတဲ့
ညနေစောင်းမှာ သနပ်ခါးတွေဖွေးအောင်ခြယ်၊ ပန်းတွေဝေအောင်ပန်၊
ဝတ်ကောင်းစားလှဝတ်၊ ရွှင်လန်းတက်ကြွတဲ့ မျက်နှာကိုယ်စီနဲ့
ပွဲကိုကြော့ကြော့သွားကြတာပါ။
ပွဲစထွက်ချိန်မှ ပွဲပြီးချိန်ထိ
တစ်ညလုံးအိပ်ရေးပျက်ခံပြီး ပွဲကြည့်ကြပါတယ်။ ပွဲရဲ့ ဆွဲဆောင်မှု၊
ဇာတ်ရှိန်တက်မှုကြောင့် အိပ်ချင်စိတ်တွေပျောက်နေပါတယ်။ ပွဲပြီးလို့
ကားလိပ်ချ ဆိုင်းဝိုင်းက ပတ်တုတ်ချိန်ကျမှ တစ်ညလုံးအိပ်ရေးပျက်တာကို
သတိရလိုက်ပြီး အိပ်ချင်စိတ်က ထိန်းမရအောင် တိုးဝှေ့ဝင်ရောက်လာပါတယ်။
မျက်ခွံကိုမတင်ရတာ
အတော်ခက်ခဲလာသလို ခေါင်းကလည်း ဇက်ကျိုးချင်လာတော့ အောက်ကို
စိုက်ကျချင်လာပြီ။ ဒါပေမဲ့ အိမ်ရောက်မှ အိပ်ရမှာဆိုတဲ့အသိက ရှိနေသေးတော့
ခေါင်းစိုက်မကျရလေအောင် ခေါင်းကိုအတတ်နိုင် ဆုံးမော့ပြီး အိမ်ပြန်ကြရပါတယ်။
သနပ်ခါးလည်းပျက်ပြီ။ ပန်းတွေလည်းနွမ်းပြီ။ အ၀တ်အစားတွေလည်း တွန့်ကြေပြီ။
နောက်ဆုံးဟန်ကိုယ့်ဖို့လုပ်ရမှာဆိုတော့ ခေါင်းကို အတတ်နိုင်ဆုံးအားတင်းပြီး
မော့မော့လေးဖြစ်အောင် အားထုတ်ကြရပါတယ်။
ဒီလိုနဲ့
ပွဲသွားကြော့ကြော့၊ ပွဲပြန်မော့မော့ဖြစ်လာရပါတယ်။အဲဒါထက်ပိုဆိုးတာက
ပွဲပြီးမီးသေ ပါပဲ။ ပွဲပြီးမီးသေ စရိုက်ဟာ မြန်မာ လူမျိုးတို့ရဲ့
စရိုက်ဆိုးတစ်ခုပါပဲ။
ပွဲတစ်ခုမစမီ မြန်မာတွေဟာ
အလွန်တက်ကြွကြပါတယ်။ကောက်ရိုးမီးလို ၀ုန်းခနဲထတောက်တတ်ပြီး ချက်ချင်း
ပြန်ငြိမ်းသွားတတ်ပါတယ်။ ဒီစရိုက်ဟာ မကောင်းတဲ့
စရိုက်ဆိုတာမြန်မာပညာရှိများ၊ ပညာရှင်များ၊ နိုင်ငံတော်ကို ဦးဆောင်
တာဝန်ယူနေသူများလည်းသိကြမှာပါ။ သိနေကြမယ်ဆိုရင် အဲဒီစရိုက်ကို
ပြုပြင်ပေးကြရမှာပါ။
ပြည်သူတွေကိုယ်နှိုက်ကလည်း ဒီစရိုက်ဆိုးကို
သတိပြုမိပြီး ပြင်ဆင်၊ ဆင်ခြင်ကြရမှာပါ။ လတ်တလောပြီးဆုံးသွားတဲ့
အားကစားပြိုင်ပွဲကြီးကို သုံးသပ်ကြရအောင်ပါ။ မြန်မာပြည်သူတွေ အလွန်အားထား၊
အားပေးမှုအများဆုံးဖြစ်တဲ့ အမျိုးသားဘောလုံးပွဲမှာ မရှုံးသင့်တဲ့ပွဲကို
သွားရှုံးပါတယ်။ Head to Head စည်းမျဉ်းကို မသိပါဘူးဆိုတဲ့ နည်းပြချုပ်ရဲ့
လူထုတ်ပုံမှားယွင်းမှု၊ နိုင်မယ်လို့ တစ်ဖက်အသင်းကို အထင်သေးမှု၊
ကစားပုံပေါ့ဆမှု၊ စတဲ့အကျင့်တွေကို မဖျောက်နိုင်မှုတို့ကို တွေ့ရပါတယ်။
နောက်ပြိုင်ပွဲအမျိုးအစား
ပေါင်း ၃၇ မျိုးကျင်းပခဲ့ပြီး မြန်မာက ရွှေ ၈၆ ခု၊ ငွေ ၆၂ ခု၊ ကြေး ၈၅ ခု
စုစုပေါင်း ၂၃၃ ခု ရရှိခဲ့ကာ နိုင်ငံအလိုက် ရပ်တည်မှုအဆင့် ၂ ဒုတိယ
နေရာရရှိခဲ့ပါတယ်။
ရွှေဆုပေါင်း ၄၆၀ အနက် မြန်မာက ရွှေ ၈၆ ခုရရှိခဲ့လို့
ရွှေ ရရှိမှုရာခိုင်နှုန်း ၁၈ ဒသမ ၆၉ ရာ ခိုင်နှုန်း ဖြစ်ပါတယ်။ ဒါတွေဟာ
အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်ရရှိချိန်မှာ
ရရှိခဲ့တဲ့အခွင့်အရေးတွေပဲဖြစ်ပါတယ်။ ဒီအခွင့်အရေးမျိုး နောက် ထပ်ရရှိရေးဟာ
ရေရှည်မျှော်မှန်းချက်ဖြစ်ရပါမယ်။ တစ်နည်းပြောရရင်
စနစ်တကျပြုစုပျိုးထောင်ပေးနိုင်တဲ့ ရေရှည်စီမံကိန်းအဖြစ်ရေး
ဆွဲဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
၁၉၅၉ ခုနှစ်က စတင်ကျင်းပလာတဲ့
ဆီးဂိမ်းစ်အားကစားပြိုင်ပွဲတွေရဲ့ အောင်မြင်မှုဟာ နိုင်ငံရေးတည်ငြိမ်မှုနဲ့
တိုက်ရိုက်ဆက်စပ်နေတာတွေ့ရပါတယ်။ ထို့အတူ အိမ်ရှင်အားသာချက်ကိုလည်း
အသုံးချကြတာတွေ့ရပြန်ပါတယ်။ ၁၉၈၁ ခုနှစ် ပြိုင်ပွဲများမှစကာ ၂၀၀၁ ခုနှစ်
ပြိုင်ပွဲအထိ ရွှေတံဆိပ် ၂၀ အောက်သာ ရရှိခဲ့ပါတယ်။ အဲဒီကာလများ ရဲ့
နိုင်ငံရေးအခြေအနေဟာ ၈၈ လူထုအုံကြွမှုအတွက် အစပျိုးနေတဲ့ ကာလမှသည် ၂၀၀၈
ခုနှစ် ကာလ ဆိုတာကို သတိပြုမိပါတယ်။ ခု . . .
နိုင်ငံရေးတည်ငြိမ်စပြုလာချိန်နဲ့ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့်ရချိန်
အခွင့်အရေးနှစ်ခုကို တစ်ပြိုင်နက် အကျိုးရှိရှိ အသုံးချနိုင်လိုတဲ့ အတွက်
မြန်မာနိုင်ငံရဲ့ အောင်ပွဲဟာ ဂုဏ်ယူစရာဖြစ်လာပါတယ်။ ဒါဆို
နိုင်ငံရေးတည်ငြိမ်မှုဟာ နယ်ပယ်စုံအတွက်အရေးပါလှကြောင်း ထင်ရှားနေပါတယ်။
For Show မလုပ်ကြပါနဲ့
အခွင့်အရေးကို
အကျိုးရှိရှိ တိုင်းပြည်အတွက် အသုံးချတတ်တာကောင်းမြတ်တဲ့လုပ်ရပ်ပါ။
ဒါပေမဲ့ အခွင့်အရေးကို ကိုယ့်ကိုယ်ကျိုးနဲ့ ယှဉ်ပြီးအသုံးချရင်တော့
မကောင်းပါဘူး။ မိမိလုပ်ပိုင်ခွင့်ရှိနေတဲ့အချိန်မှာ
စုပြုံအကုန်လုံးသုံးလိုက်ပြီး နောင်လာနောက်သားများ အတွက်
သုံးစရာအခွင့်အရေးကုန်သွားအောင် မလုပ်သင့်ပါဘူး။ အထူးသဖြင့် အားကစားနဲ့
ပတ်သက်ပြီး တင်ပြရရင် နိုင်ငံတကာပြိုင်ပွဲအမျိုးအစားတွေကို
ရည်ရွယ်ချက်ရှိရှိ ပြုစုပျိုးထောင်ရပါမယ်။ နိုင်ငံတကာပြိုင်ပွဲတွေဖြစ်တဲ့
ဘောလုံး၊ ရေကူး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ အလေးမ၊ ပြေးခုန်ပစ်စတဲ့
အားကစားနည်းတွေကို ရေရှည်လူမွေးပြီး စနစ်တကျ
လေ့ကျင့်ပျိုးထောင်ပေးရမှာဖြစ်ပါတယ်။ ယှဉ်ပြိုင်ခါနီးမှ နီးစပ်ရာလူစုပြီး
တစ်လလောက် စခန်းသွင်းလေ့ကျင့်ရုံနဲ့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။
ခုလက်ရှိ ပြိုင်ပွဲတွေကလည်း သက်သေဖြစ်နေပါတယ်။
ရေကူးမှာ
နောက်ဆုံးမှ ပန်းဝင်နိုင်တာ၊ ပြေးခုန်ပစ်မှာ နောက်ဆုံးမှ
ပန်းဝင်နိုင်တာတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေအနက် နောက်ကျနေတာကို
ပြသနေတာပါ။ ထို့ အတူလတ်တလောအတွက် For Show ပြနေသလိုပါပဲ။
နိုင်ငံတကာပြိုင်ပွဲဟာ
ပြိုင်ပွဲတိုင်းမှာ မဖြစ်မနေ ထည့်သွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများမှာသာမက အရှေ့တောင်အာရှလွန်နိုင်ငံများမှာလည်း
လိုအပ်လို့သွားရောက်ယှဉ်ပြိုင်ရမယ်ဆိုရင် နိုင်ငံတကာပြိုင်ပွဲမှာ
ထူးချွန်သူတွေကို လေ့ကျင့်ပေးထားရင် မျက်နှာငယ်စရာမရှိပါဘူး။
ရွှေဆုပေါင်း ၄၆၀ အနက် မြန်မာက ရွှေ ၈၆ ခုရရှိခဲ့လို့ ရွှေ ရရှိမှုရာခိုင်နှုန်း
၁၈ ဒသမ ၆၉ ရာ ခိုင်နှုန်း ဖြစ်ပါတယ်။ ဒါတွေဟာ
အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခွင့်ရရှိချိန်မှာ
ရရှိခဲ့တဲ့အခွင့်အရေးတွေပဲဖြစ်ပါတယ်။ ဒီအခွင့်အရေးမျိုး နောက်ထပ်ရရှိရေးဟာ
ရေရှည်မျှော်မှန်းချက်ဖြစ်ရပါမယ် . . .
ဆောင်းရာသီအိုလံပစ်၊
ကမ္ဘာ့အိုလံပစ်တွေမှာလည်း ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အလေးမပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်အထိ
ဝင်ရောက်ယှဉ်ပြိုင်ဖူးတာ အမှတ်ရပါတယ်။
အစပြုခွင့်ရလိုက်တဲ့အခွင့်အရေးကောင်းကို
ဆုပ်ကိုင်ပြီး ပွဲပြီး မီးသေမဖြစ်ဖို့ ပြင်ဆင်ကြရပါမယ်။
တစ်ပွဲတိုးမပြင်ဆင်ပါနဲ့။ ပြဿနာကို ပြီးစလွယ်ဖြေရှင်းတတ်တဲ့
ရေရှည်အကျိုးမကြည့်တတ်တဲ့ စိတ်ထားတွေ၊ အမူအကျင့်တွေကို
နိုင်ငံတော်စီမံခန့်ခွဲနေသူမှအစ ပြည်သူတစ်ရပ်လုံးပြုပြင်ကြရင်း
ပွဲပြီးမီးသေ စိတ်ထားပြုပြင်ကြရအောင်ပါ။
နိုင်မှာသေချာမှ
ပြိုင်ချင်တဲ့စိတ်၊ မနိုင်ရင်တောင် နိုင်အောင်၊ တရားသည်ဖြစ်စေ၊ မတရားသည်
ဖြစ်စေ မျက်နှာပြောင်တိုက် အနိုင်ယူလိုစိတ်၊ ပြိုင်ဘက်ကို
မပြိုင်နိုင်အောင် မတရားဖိနှိပ်ပြီး အနိုင်ယူလိုစိတ်၊ အနိုင်ရပြီးစတမ်း
ဘာကို မှမထောက်ထားဘဲ အနိုင်ယူလိုစိတ်စတဲ့ဒီစိတ်တွေကို ဖျောက်ဖျက်ကြပြီး
တရားသောယှဉ်ပြိုင်မှုနဲ့ ဆက်လက်အနိုင်ယူနိုင်ကြပါစေ။
အမှတ်တရ ရှင်းတမ်း နှင့် မန်ဘာဝင်နည်း ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါ )
-
ရှင်းတမ်း
*******
အားလုံးသော ၀ါတနာ တူ ညီ အစ်ကိုမောင်နှမများ မင်္ဂလာပါ .။ ကျွန်တော်က တော့
ဒီဆိုဒ်ရဲ့ Admin အနေနဲ့ ဝင်ရောက်ရေးသားနေတဲ့ နေသာ (kingboyonline@gm...
4 years ago
0 comments:
Post a Comment