Related Posts Plugin for WordPress, Blogger...

Sunday, June 29, 2014

"သြော်...ဒါနဲ့စကားမစပ်{၂}"

"သြော်...ဒါနဲ့စကားမစပ်{၂}"

ဥပုတ်နေ့ကရုံးကလည်းပိတ် နယ်ကမေမေ
သူငယ်ချင်းတွေက မန္တလေးကိုအလည်
လာကြတယ်။အလုပ်ကလည်းအားနေတော့
စာရေးဖို့ကုန်ကြမ်းလေးပဲရရဆိုပြီး ဧည့်သည်
တွေကိုဘုရားဖူးလိုက်ပို့တယ်။မန္တလေး
ရဲ့အထင်ကရနေရာတွေကိုပေါ့။တစ်နေ
ကုန်ပါပဲ။ညနေပိုင်းမှာတော့ တောင်သမန် ရဲ့
နေဝင်ဆည်းဆာလေးကိုကြည့်ပြီး
ရေနွေးလေးနဲ့ပုဇွန်ကြော်ကိုစားပြီး
အပန်းဖြေမယ်လို့စိတ်ကူးလာခဲ့တာပေါ့။
ဧည့်သည် တွေကိုလည်းတောင်သမန်
ဦးပိန်တံတားဖြစ်ပေါ်လာပုံတံတားပေါ်
လမ်းလျှောက်ရင်းပြောပြလာခဲ့တယ်။
ဟိုတစ်ချိန်က ဦးပိန်တံတား နဲ့ အခု ကျွန်တော်
တွေ့လိုက်ရတဲ့ ဦးပိန်တံတားက အရမ်း
ကွားခြားနေတယ်။မြို့သူမြို့သားတွေလည်း
သိမှာပေါ့ ဟိုး အဝေးကကြည့်လိုက်ရင်
တိုင်လုံးတွေ မညီမညာ အတို အရှည်တွေ
နဲ့အရမ်းကြည့်လို့ကောင်းတဲ့ တံတား လှလည်း
လှတယ်။အခုတော့ ဝန်းကြီးဆိုတဲ့လူကလေ
မညီမညာရှိနေတဲ့တိုင်တွေကို ညီအောင်ဆိုပြီး
ဖြတ်ပစ်တယ်။အဲဒီထိ ကျွန်တော်ဘာမှ
မပြောချင်သေးဘူး။အဆိုးဆုံးကတော့
မကောင်းတော့တဲ့တိုင်တွေကို ကွန်ကရစ်
တိုင်နဲ့လည်းထားတာတွေ့တော့လေ...
ကျွန်တော် နှလုံးသားကို ဆွဲဖြုတ်သလို
ခံစားရတယ်။မြန်မာနိုင်ငံမှာ သစ်တွေအဲ
လောက်ရှားသွားပြီလား။အမျိုးသားယဉ်
ကျေးမှုနဲ့ယဉ်ကျေးမှုအမွေနှစ်များမပြောက်
ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး
ဆို...လုပ်တာလဲလုပ်ကြပေါ့ ဝန်ကြီး တို့
ရာ ရှဥ့်လဲလျှောက်သာ ပျားလဲစွဲသာပေါ့ဗျာ။

ဆက်လက်ကြိုးစားပါအုံးမည်။
နေဝန်းနီ{မန္တလေး}
2762014/855
 

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U