Related Posts Plugin for WordPress, Blogger...

Sunday, June 29, 2014

လာဖမ်းသော ရဲကိုဓားဖြင့် ထိုးသည့်ရဲဘက်ပြေး ၀ိုင်းဝန်းဖမ်းဆီး

လာရောက်ဖမ်းဆီးသည့် ရဲကိုဓား ဖြင့်ထိုးကာ ထွက်ပြေးသွားသော ရဲဘက်ပြေးတစ်ဦးကိုတိုင်းအဆင့်လ

ုံခြုံရေးတပ်ဖွဲ့ဝင်အင်အားဖြင့် ဖမ်းဆီးမှသာ ဓားနှင့်အတူ ဖမ်းမိခဲ့ကြောင်းသတင်းရရှိသည်။

ဗဟန်းမြို့နယ်အတွင်း လက်ဝတ်ရတနာများ ခိုးယူ၍ ပြစ်မှုဆိုင်ရာပုဒ်မ-၃၈၀/၇၅ ဖြင့် ပြစ်ဒဏ် ငါးနှစ်ကျခဲ့ပြီး ရဲဘက်စခန်းတွင် ရောက်နေရာမှ ရန်ကုန်မြို့သို့ထွက်ပြေးလာသော ဒလမြို့နယ်နေ အသက်(၂၅)နှစ်အရွယ် ရဲဘက်ပြေး အမျိုးသားတစ်ဦးသည်ဇွန်လ ၂၄ ရက် ညဥ့်သန်းခေါင်အချိန်က ဆိပ်ကမ်းမြို့နယ်၊ ပန်းဆိုးတန်းဆိပ်ကမ်းတွင် ရောက်နေ၍ ဆိပ်ကမ်းရဲက သွားရောက်ဖမ်းဆီးခဲ့သည်။

ရဲဘက်ပြေးက ပြန်လည်ခုခံကာ ဓားဖြင့် ထိုးလိုက်သဖြင့် ရဲတပ်ကြပ်တစ်ဦးဝမ်းဗိုက်တွင် ဓားဒဏ်ရာတစ်ချက်ရခဲ့ပြီး ရဲဘက်ပြေးလည်း ထွက်ပြေးလွတ် မြောက်သွားသည်။ ထို့ကြောင့် ဆိပ်ကမ်းမြို့မ ရဲစခန်း၌ ပြစ်မှုဆိုင်ရာပုဒ်မ-၃၃၃ ပြည်သူ့ဝန်ထမ်းအား တာဝန်ထမ်းဆောင်နေ စဉ် ဟန့် တားရန် အပြင်းအထန်နာကျင်စေမှုဖြင့် ထပ်မံအမှုဖွင့်ခဲ့ သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် ရဲကို ဓားဖြင့် ထိုးခဲ့သည့် ရဲဘက်ပြေး ဖမ်းမိရေးအတွက် အင်အားသုံး၍ ထပ်မံဖမ်းခဲ့ရာ ဇွန်လ ၂၅ ရက် မွန်းလွဲပိုင်းတွင် ရဲဘက်ပြေး၏အိမ်၌ ဖမ်းမိခဲ့ကြောင်း တိုင်းဒုစရိုက်နှိမ်နင်းရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ဖမ်းဆီးရာတွင်လည်း ရဲဘက်ပြေးက ဆယ်လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ပြန်လည်ခုခံခဲ့ပြီး ယင်း ဓားဦးချွန်မှာ ရဲကိုထိုးခဲ့သော ဓားဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက ပြောသည်။ ထို့ကြောင့် ဆိပ် ကမ်းမြို့မရဲစခန်းမှ လက်နက် ပုဒ်မ-၁၉(င)ဖြင့် ထပ်မံအမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။

‘‘အဲဒီလူက နောက်တစ် ယောက်နဲ့ ဗဟန်းအပိုင်မှာ လက်ဝတ်ရတနာတွေ ခိုးတာ တရားစွဲပြီး ထောင်ကျလို့ ရဲဘက်ရောက်နေတဲ့လူပဲ။ အခု သူ့ကို သွားဖမ်းတာတော့ ဆိပ်ကမ်းရဲနဲ့ တိုင်းရဲတွေပူးပေါင်းဖမ်းကြရင်း ဖြစ်တာဗျ’’ ဟု ဗဟန်းမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ဇွန်လ ၂၈ ရက်တွင် ပြောသည်။


Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U