Related Posts Plugin for WordPress, Blogger...

Sunday, June 29, 2014

ဗန္ဓုလတံတားအဆင်းကွေ့၌ ယာဉ်တိမ်းမှောက်ခဲ့သဖြင့် ခရီးသည်(၈)ဦးဒဏ်ရာရ

၂၈.၆.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန် ဒေါပုံမြို့နယ်၊ ဗန္ဓုလတံတားအဆင်းလမ်း အတိုင်း ယာဉ်မောင်း မင်းဝေလွင်၊ (၃၀)နှစ်မောင်းနှင်လာသော ၅ခ/---- နစ်ဆန်း မီနီဘတ်၊ အမှတ်(၃၅)ယာဉ်လိုင်းခရီးသည်တင်ယာဉ်သည် ယမုံနာလမ်းဘက်သို့ ချိုးကွေ့မောင်းနှင်စဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ မျက်နှာချင်းဆိုင်တွင် ရပ်စောင့်နေသော DD---- တိုယိုတာဗင်အငှားယာဉ်ပေါ်သို့ လဲကျခဲ့ပြီး ယာဉ်မောင်း မင်းဝေလွင်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့်ယာဉ်(၂)စီးပျက်စီးပြီး၅ခ/----ယာဉ်ပေါ်ပါသူကျား(၇)ဦး၊
မ(၁)ဦးတို့တွင် ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ကာ ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်း မင်းဝေလွင်အား ဒေါပုံမြို့မရဲစခန်း ယာဉ်(ပ)၃၄/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၈/၂၀၂ ဖြင့် အမှုဖွင့် အရေးယူကာ ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Sayar Chan

Like

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U