Related Posts Plugin for WordPress, Blogger...

Sunday, June 23, 2013

မန္တလေးမြို့ သေဆုံးခြင်း

သွယ်ဝိုက်ပြီး ငါလေမပြောချင် ဗမာ့သမိုင်းများစွာ စောင့်ထိန်းခဲ့ရာ ကျွန်တော်မွေးတဲ့မြို့ မရှိတော့ပါ
ဘယ်သူတွေလဲ ဒီမြို့ထဲမှာ ဟိုအရှေ့အရပ်က အိမ်နီးချင်းတွေ မျက်လုံးမှေးမှေးအကြည့်နဲ့ပါ

မေးခွန်းပေါင်းများစွာ ငါလေမေးရင်း ကျုံးကြီးထဲ ခေါင်းနှစ်ချင်မိ
သမိုင်းပေါင်းများစွာ ငါလေတွေးရင်း နားနှစ်ဖက်ပိတ်ရှက်လို့နေမိ
သူစိမ်းတွေနဲ့ ရှုပ်ထွေးနေတဲ့ ငါတို့ရဲ့ မန္တလေးမြို့ သေဆုံးခြင်း

အလည်လွန်ပြီး ငါလေမောရင် မြို့ထဲလမ်းမှာ ရေကြည်တစ်ပေါက် သောက်စရာ ရေအိုးများလဲ မရှိတော့ပါ
ဘယ်သူတွေလဲ ဒီမြို့ထဲမှာ အကြင်နာခေါင်းပါးသူ အဖြူရောင်အသားနဲ့လူ ဘာသာစကားများလဲ တို့နဲ့မတူ

မေးခွန်းများစွာ ငါလေမေးရင်း ကျုံးကြီးထဲ ခေါင်းနှစ်ချင်မိ
သမိုင်းပေါင်းများစွာ ငါလေတွေးရင်း နားနှစ်ဖက်ပိတ်ရှက်လို့နေမိ
သူစိမ်းတွေနဲ့ ရှုပ်ထွေးနေတဲ့ ငါတို့ရဲ့ မန္တလေးမြို့ သေဆုံးခြင်း

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U