Related Posts Plugin for WordPress, Blogger...

Tuesday, June 25, 2013

ချစ်သောမန္တလေးမြို့ကစည်းကမ်းမရှိသောလူတွေအကြောင်း
ပြောပြချင်ပါတယ်။ဒီပိုစ့်က်ုမြင်တဲ့သူတွေ
ကျော်မသွားဘဲ
ဖတ်ကြည့်စေချင်ပါတယ်နော်။မနေ့က
ကျွဲဆည်ကန်သံလမ်းနားမှာ surprise check စစ်နေပါတယ်။
အဲ့ချိန်မှာစည်းကမ်းမဲ့တဲ့အုပ်စု ၄ မျိုးလောက်တွေ့ရတယ်။
၁။လူတစ်ယောက်ကမော်တော်ပီကယ်ကိုကျော်လာပီး
ပေ၁၀၀ကျော်လောက်အကွာကျတော့ဦးထုပ်ကိုချွတ်
ဘိုကေပြန်သပီးဆက်စီးသွားတယ်
၂။လူ၃ယောက်ဆိုင်ကယ်စီးတဲ့အုပ်စုကကျတော့
ခပ်လှမ်းလှမ်းမှာတစ်ယောက်ကိုထားခဲ့ပြီးရင်နောက်တစ်ခါ
ပြန်သွားခေါ်
၃။ဦးထုပ်မဆောင်းထားတဲ့သူကျတော့အဝေးကနေပီး
လမ်းဆင်းလျှောက်မော်တော်ပီကယ်ကိုကျော်မှပြန်တက်စီး
၎။ရတနာပုံတက္ကသိုလ်ကျောင်းသူ/သားတွေပါ
ဦးထုပ်မဆောင်း။၃ယောက်စီး။ပြီးရင်အရမ်းမောင်းပြီး
ထွက်ပြေး
လူတွေကအမြဲတမ်းမော်တော်ပီကယ်တွေကိုမုန်းပါတယ်
ကိုယ်ကိုတိုင်လည်းညစ်တဲ့မော်တော်ပီကယ်ကိုမကြိုက်ပါဘူး
ဒါပေမဲ့ကိုယ်သာစည်းကမ်းတကျလေးနေမယ်ဆိုရင်
ဘယ်သူမှဖမ်းလို့မရပါဘူး။တိုင်းပြည်လည်းစည်းကမ်းရှိတဲ့
နိုင်ငံတစ်ခုဖြစ်လာမှာပါ။အခုတော့ကိုယ်ကိုတိုင်က
စည်းကမ်းမရှိကြဘဲပြောလိုက်ရင်တိုင်းပြည်ကြောင့်
လာဘ်စားတဲ့ဝန်ထမ်းတွေကြောင့်ဆိုလေးတွေပြန်မြင်
စေချင်ပါတယ်။အရမ်းရှည်နေလို့။အခြားစည်းကမ်း
မရှိတာတွေလည်းအများကြီးပြောပြချင်ပါသေးတယ်။
ချစ်သောမန္တလေးမြို့ကြီးသာယာလှပပါစေ။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U