Related Posts Plugin for WordPress, Blogger...

Thursday, July 4, 2013

မန္တလေးသူတွေကိုလာစမ်းနဲ့သေသွားမယ်...မှတ်ထား.....ရန်ကုန်သူတွေ...



ရန်ကုန်သူတွေတွေ့ခဲ့တယ်.အမရပူရနဲ့ တောင်မြို့မယ်..

ပိုးချည်ထုပ်များဈေးတက်သည်ဆိုသဖြင့် သတင်းလေးစနည်းနာရန် တောင်မြို့ဘက်သို့ထွက်လာခဲ့သည်။အထည်ဆိုင်ကြိးတခုရှေ့တွင် အဲကွန်းဘတ်စ်တစိးရပ်ထားသဖြင့် နိုင်ငံခြားသားဧည့်သည်များထင်မှတ်လိုက်သော်လည်း သေချာကြည့်လိုက်မှ ပြည်တွင်းခရီးသွားများဖြစ်နေသည်။စကားသံနားစွင့်ကြည့်ရာ ရန်ကုန်ကလာသည်တဲ့..မယောင်မလည်ဖြင့် ကြည့်နေမိသည်။ခဏအကြာ ပူညံပူညံအသံကြားရသည်။

“ဟဲ့..ငါတို့ကို တောင်မြို့ထည်တွေလာမပြနဲ့..မလိုချင်ဘူး။နော်.ဒီမှာ ရန်ကုန်ကလာတာ..လူတွေများ အအ မှတ်နေသလား”

အင်..တမျိုးကြိးပါလား..တောင်မြို့လာပြီး တောင်မြို့ထည်မပြနဲ့ဆိုတော့ ဘာဖြစ်တာလဲပေါ့.နားစွင့်ရပြန်သည်။အရောင်းစာရေးမလေးကား မျက်နှာလေးဇီးရွက်မျှသာရှိတော့သည်.သူမ ဘာအမှားလုပ်မိလဲ ပြန်စဉ်းစားနေပုံပေါ်သည်.သူမ အထည်များကိုကိုင်၍ ဈေးနှုန်းမှန်ကန်ကြောင်း သေသေချာချာရှင်းပြသည်..ရန်ကုန်သူအုပ်စုက လက်မခံ။ကတ်ကတ်လန်အောင်ပြောနေသည်။အရောင်းစာရေးမလေးလည်း ခေါင်းလေးကုတ်လျက်၊မျက်နှာလေးက ဇီးရွက်မျှသာရှိတော့သည်..သနားစရာကောင်းလှပါဘိ..ဘယ်လိုဝင်ဖြေရှင်းပေးရင် ကောင်းမလဲဟု စဉ်းစားသော်လည်း သူ့အဖို့ရာက အထည်ဆိုသည်မှာ အရှက်လုံရုံမျှခါးပတ်သည့်အရာဟုပဲ ဗဟုသုတရှိသည့်လူဆိုတော့ ဝင်မပြောရဲ.နောက်တချက်က ရန်ကုန်သူအလည်အမွတ်ကြိးများဆိုတော့ လန့်တာလည်းပါသည်။

ဟော.ကယ်တင်ရှင်လာချေပြီ..ဆိုင်ရှင်မမကြီးကား ယခုမှ ကလေးများကျောင်းကြိုပြိးပြန်လာပုံရသည်။ဆိုင်ထဲသို့ အိပဲ့အိပဲ့နှင့်ဝင်လာချေပြီ..ဘာမှမပြောသေး.အခြေအနေကို အသေးစိတ်လေ့လာနေပုံပေါ်သည်..ရန်ကုန်သူများကား ပွစိပွစိဖြင့်..ခဏအကြာ ဆိုင်ရှင်မမကြိးသဘောပေါက်သွားပုံရသည်။မျက်နှာကို အချိုသာဆုံးဖြစ်အောင် ပြုံးသည်..

“အမတို့ရယ်.သူက ခုမှ အလုပ်ဝင်စမို့လို့ ခွင့်လွှတ်ပေးပါနော်..ဟဲ့..စန္ဒာ.သွား.ဆိုင်အတွင်းခန်းထဲက သီးသန့်သိမ်းထားတဲ့ အထည်တွေသွားယူချေစမ်း..”အရောင်းစာရေးမလေး ဆိုင်တွင်းသို့အသော့နှင်ချေပြီ..ခဏအကြာ အထုပ်များ မနိုင်မနင်းဆွဲလျက်ပြန်ထွက်လာသည်..

“စိတ်တိုင်းကျကြည့်နော်.အမ.ဒါ တောင်မြို့ထည်မဟုတ်ဘူး။အမရပူရထည်စစ်စစ်တွေ၊ချုပ်ရိုးချုပ်သားချင်းနှိုင်းယှဉ်ကြည့်နော်.ရက်ကန်းရုံကအစ တောင်မြို့က မဟုတ်ဘူးအမရဲ့.အမရပူရ ရက်ကန်း၊တံဆိပ်သာ ဖတ်ကြည့်၊ဈေးတော့ နဲနဲကွာတာပေါ့အမရယ်..ကြည့်ပါ.အမ ..”

ဟော.အခြေအနေကား ကွာခြားလေစွ.ရန်ကုန်သူကြိးများ ယခုတော့ ချိုသာကြည်ပြုံး ပီတိဖုံးကြလေပြီ..အထည်များအား ရွေးကြ၊ဝယ်ကြနှင့် ခဏကြာတော့ ဆိုင်ရှင်အား နှုတ်ဆက်ကာပြန်သွားကြသည်။ဖိုးစမ်းချောင်း လာရင်းကိစ္စမေ့ချေပြီ။ဆိုင်ရှင်ကို စကားစသည်။

“အမ.အမရပူရထည်နဲ့ တောင်မြို့ထည်က တူတူပဲမဟုတ်ဘူးလားဗျ”

“သြော်.ငါ့မောင်နှယ်.ရန်ကုန်က လူတွေက တောင်မြို့နဲ့ အမရပူရကို ခွဲသိတာမဟုတ်ဘူးကွယ့်..သူတို့က အမရပူရထည်ဆို ပစ္စည်းကောင်းတယ်။တောင်မြို့ထည်ဆို ပစ္စည်းမကောင်းဘူးလို့ သိထားတာ..အမတို့က ဈေးသည်ဆိုတော့ သူတို့စိတ်ချမ်းသာအောင် ပြောပေးရတာပေါ့ကွယ်.တကယ်တမ်း ဈေးတောင် မတင်ချင်ပါဘူး။တောင်မြို့ထည်နဲ့ တူနေရင် မသကာင်္မှာစိုးလို့ တထည်ကို ငါးထောင်လောက်ပဲ တင်လိုက်တာပါကွယ်.ဟင်း.ဟင်း
Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U