Related Posts Plugin for WordPress, Blogger...

Thursday, July 4, 2013

မန္တလေးအဆင့်မြင့်ဈေးချိုတော်ကြီးစပြီးဖွင့်ကာစကအကြောင်းလေးပါ


ဈေးသစ်ကြီးဆိုတော့ နယ်တကာက လူတွေစုံလင်စွာနဲ့ 
ရောက်လာကြတာပေါ့

အဲ့မှာ နယ်ကလာတဲ့ အုပ်စုလိုက်
မိန်းမကြီး မိန်းမငယ် ကလေး
လူကြီးအရွယ်စုံအားလုံး၁၀ယောက်လောက်ရှိတဲ့ အုပ်စုတစ်စုက
ရွေ့ လျားလှေကားရှေ့ မှာ ရပ်ပြီး
လှေကားပေါ်တက်ဘို့  ဟန်ပြင်နေကြလေသည်
ထမီတိုတိုပြင်ဝတ်တဲ့ သူကဝတ်
စီးလာတဲ့ဖိနပ်ကိုချွတ်ပြီးလက်ကကိုင်တဲ့သူကကိုင်
ကလေးကို ဟန်ပါပါကောက်ချီတဲ့သူကချီနဲ့ 
တိုက်ပွဲဝင်မည့်စစ်သည်များကဲ့သို့ 

ရွေ့ လျားနေသောလှေကားထစ်များကို
စူးစိုက်သေချာစွာမျက်တောင်မခတ်
အသက်မရှူဘဲစောင့်နေပြီး
ခပ်ရဲရဲလူငယ်၂ယောက်လောက်ကတော့ ခြေကားယား
လက်ကားယားဖြင့် ပါသွားလေပြီ

အသက်ကြီးကြီးမိန်းမကြီးတစ်ယောက်က'သူတို့ က အင်္ဂလိပ်လှေကားနဲ့ ပါသွားပြီ
ငါတော့  ဒီအင်္ဂလိပ်လှေကားန့ဲ
မတက်ရဲဘူးဗမာလှေကား(ရိုးရိုးလှေကား)
နဲ့ ဘဲတက်ရအောင်'' လို့ 
သူအဖော်တွေကိုပြောလိုက်တယ်
(ရီစေချင်တဲ့ဆန္ဒဖြင့်တင်လိုက်ပါသည်)
 
Sayar Chan (Mandalay Image)

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U