Related Posts Plugin for WordPress, Blogger...

Thursday, January 16, 2014

အမျိုးသမီးများ၏ လက်ကိုင် အိတ်များ၌ ဘက်တီးရီးယားပိုးများ တွေ့ရှိရ





အမျိုးသမီးများ၏ လက်ကိုင်အိတ်များ၌ သာမန် သန့်စင် ခန်းများတွင် တွေ့ရှိရသော ဘက်တီးရီးယား များ ထက် ပိုမို များပြားသော ဘက်တီးရီးယား ရောဂါပိုးများ တွေ့ရှိရကြောင်း လေ့လာချက် တစ်ရပ်အရ သိရှိရသည်။ အမျိုးသမီး လက်ကိုင်အိတ် ငါးလုံးလျှင် တစ်လုံးမှာ လူ၏ ကျန်းမာရေးကို ထိခိုက် စေနိုင်သော ဘက်တီးရီးယား အလုံအလောက် တွေ့ရှိရကြောင်း စမ်းသပ် စစ်ဆေးချက် များအရ သိရှိရသည်။

အဆိုပါ သုတေသနတွင် လက်ကိုင် အိတ်များ၌ တွေ့ရှိရသည့် ပစ္စည်းများတွင် အညစ်ပတ်ဆုံးမှာ လက်တွင် လိမ်း သော ခရင်မ်ဖြစ်ပြီး အဆိုပါ ခရင်မ်ဘူးများမှာ ရေအိမ်ထိုင်ခုံ တစ်ခုတွင် တွေ့ရှိရသော ဘက်တီးရီးယား ပမာဏထက် ပိုမိုများပြား နေကြောင်း သိရှိရသည်။ နှုတ်ခမ်းနီတောင့်နှင့် မျက်ခုံးမွေး အလှခြယ်သည့် ပစ္စည်းများမှာ ဘက်တီးရီးယား ပိုမို နည်းပါးေ ကြာင်း တွေ့ရှိ ခဲ့ရသည်။ သားရေလက်ကိုင် အိတ်များမှာ ရေမြှုပ် ပုံသဏ္ဌာန် ဖွဲ့စည်း တည်ဆောက်ပုံ ရှိသဖြင့် ဘက်တီးရီးယားများ ပိုမို ခိုအောင်းနိုင်ကြောင်းလည်း သိရှိရသည်။ အမျိုးသမီးများ အေ နဖြင့် ၎င်းတို့၏ လက်နှင့် လက်ကိုင်အိတ်များကို ဘက်တီးရီးယား တိုက်ဖျက် ဆေးရည်များ အသုံးပြု ဆေးကြောခြင်းဖြင့် ရောဂါပိုး ကူးစက်မှုကို ကာကွယ်နိုင်ကြောင်း သုတေသီ များက အကြံ ပြုကြ သည်။

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U