Related Posts Plugin for WordPress, Blogger...

Friday, June 20, 2014

အာမခံနဲ့ ပြန်လွှတ်ဖို့ ရှိတဲ့ ဖမ်းဆီးခံ သံဃာတွေကို နတ်ချောင်းမှာ သင်္ဃန်းပြန်စီးမယ်

Like
ရန်ကုန်မြို့တော်ရှိ မဟာသန္တိသုခ ကျောင်းတိုက်မှာ ခွင့်ပြုချက် မရှိဘဲ သီတင်းသုံးနေထိုင်တယ် ဆိုပြီးတော့ အင်းစိန် ထောင်မှာလူဝတ်လဲ ဖမ်းဆီးခံထားရတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာတော်ငါးပါးကို အာမခံနဲ့ ပြန်လွှတ်ဖို့ ရှိပါတယ်။

ပြန်လွတ်တာနဲ့ တာမွေမြို့နယ်မှာ ရှိတဲ့ မဟာသန္တိသုခ ကျောင်းတိုက်ဘေးက နတ်ချောင်းသုံးထပ် ကျောင်းတိုက်မှာ သင်္ဃန်းပြန်စီးဖို့ ရှိပါတယ်လို့ ရွှေညဝါဆရာတော်က မိန့်ကြားပါတယ်။

နိုင်ငံတော် သံဃမဟာနာယကရဲ့ ခွင့်ပြုချက် မရှိဘဲသီတင်းသုံး နေထိုင်နေတယ်ဆိုပြီး သာသနာကို ညှိးနွမ်းစေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဦးဥတ္တရ အပါအဝင် သံဃာတော်ငါးပါးကို ဇွန်လ ၂၀ ရက်နေ့မှာ တာမွေမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှု ပြီးတဲ့အချိန်မှာ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး မစိုးရိမ်ကျောင်းတိုက်က ဆရာတော်ဦးဝီရသူ၊ ရွှေညဝါဆရာတော် ဦးပညာဝံသ အပါအဝင် အထက်မြန်မာပြည် သံဃသမဂ္ဂ အဖွဲ့ချုပ်က ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေကို ဒီနေ့ ပြန်မလွှတ်ဘူးဆိုရင် ဆန္ဒပြဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။

နိုင်ငံတော် သံဃမဟာနာယကရဲ့ ညွန်ကြားချက်နဲ့ မဟာသန္တိသုခ ကျောင်းတိုက်ကို ဇွန်လ ၁၀ ရက်နေ့ ည သန်းခေါင်ယံ အချိန်မှာ ချိတ်ပိတ်ခဲ့ပါတယ်။ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာတော်ငါးပါးကို လူဝတ်လဲပြီး ဇွန်လ ၁၃ရက်နေ့မှာ တာမွေမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
 
Sayar Chan

0 comments:

Post a Comment

 
Penanggung Jawab Miftah Budi Kurniawan | Supported by Cheat Game 4U